Monday, May 8, 2017

ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်ကြီး ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် စေတီ တစ်ဆူတည်ထား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၈) ရက်






ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ ဦးဆောင်ပြီး ဒီကနေ့၂၀၁၇ခုနှစ်၊ မေလ(၈)ရက်နေ့၊ နံနက်(၈း၃၀)အချိန်၌ အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည်မြောက်ဘက်၊ ပိုလ်;ပန္တဒုံလီ တောင်ပေါ်တွင် တရုတ်ပြည်မှ မြန်မာပြည်ကို ဆင်းသက်လာစဉ် ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် ပိုလ်;တန်ပန္တ ရွာစတင်တည်သည့်နေရာတွင် စေတီတစ်ဆူတည်ရန် အုတ်မြတ်ချခဲ့ကြောင်း သိရှိရသည်။

ထိုစေတီတည်ရန်အတွက် ဆရာတော် အေးစေတီကျောင်း၊ ထအုံကျောင်း၊ စခဲုင်းကျောင်း၊ နောင်ခဲုင်းကျောင်း၊ နောင်လုံကျောင်း၊ ကောင်ဝေင်.ကျောင်း၊ ထာပူယွေးကျောင်း၊ ဘုရားတောင်ကျောင်း ဆရာတော်တို့ထံမှ သီလ(၉)ပါးခံယူပြီး စေတီတည်သည့် နေရာများတွင် ဆရာတော်များက (ကမ္ပ၀ါ)များ ရွတ်ဆိုပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီက အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;ကျော;ခေါင်;၊ ပိုလ်;ကျော;ဦ၊ ပိုလ်;ကျော;လ၊ ပိုလ်;ပန္တတို့ (၄)ဦးသည် လားရှိုး၊ ကျူကုတ်တောင်တန်းကို ဖြတ်လာပြီး ပအိုဝ်းအမျိုးသားများ နေရာဒေသတွင် အဖွဲ့လိုက် ဦးဆောင်ပြီး အခြေချနေထိုင်ခဲ့ကြကြောင်းသိရှိရသည်။ ထိုခေါင်းဆောင်(၄)ဦးကို ဂုဏ်ပြုသောအားဖြင့် ပိုလ်;ကျော;ခေါင်းကို ရည်စူး၍ ဖါမွန်းကျေးရွာ တွင် “ကျော;ခေါင်”ဘုရားဟု သော်လည်းကောင်း၊ ပိုလ်;ကျော;ဦးကို ရည်စူး၍ ထီရီးကျေးရွာ အရှေ့ရှိ စေတီကို “ပိုလ်;ကျော;ဦး” ဟု သော်လည်းကောင်း၊ ပိုလ်;ကျော်လကို ရည်စူး၍ နောင်ခဲုင်းကျေးရွာ အနောက်ဘက်တွင် “ပိုလ်;ကျော;လ” ဟုသော်လည်ကောင်း၊ ယခုအခါ ကျောက်တလုံးမြို့၊ ကျောက်တလုံး ဆည်မြောက်ဘက်တွင် ပိုလ်;ပန္တကို ရည်စူး၍ “ပိုလ်;ပန္တ” ဟု သော်လည်းကောင်း စေတီတည်ထား ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အုတ်မြစ်ချအခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဖြားဗွာခမ်း၊ မျင်မိုရ်ခမ်း၊ သူရိယခမ်း၊ စန္တာ;ခမ်းရှိ ခမ်းဗွေများ၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နန်းအိနြေ္ဒာခမ်း
Powered by Blogger.