Monday, May 1, 2017

ခေါင်းဆောင်မှု (Leadership) သင်တန်း ဖွင့်လှစ်ခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့ဦးဆောင်၍ ခေါင်းဆောင်မှု (Leadership) သင်တန်းကို ၂၀၁၇-ခုနှစ်၊ မေလ(၂) ရက်နေ့၊ နံနက်(၉း၃၀) အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ပထမဦးစွာ လွယ်ဆံဆစ်ကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝရထံမှ ငါးပါးသီလခံယူခြင်း၊ သင်တန်းဖြစ်မြှောက်ရေးတာဝန်ခံ၊ လွယ်ဆံဆစ်ကျောင်း ဦးပဉ္စင်းဦးပညာနန္ဒထံ သြ၀ါဒခံယူကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းမှူး ခွန်ကျော်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ သင်တန်းနည်းပြများဖြင့် မိတ်ဆက်ပေးခြင်း၊ သင်တန်းနည်းပြခွန်ရဲအောင်မှ သင်တန်းစည်းကမ်းချက်များချမှတ်ခြင်းနှင့် သင်တန်းနည်းပြ နန်းခမ်းဆွဲမှ သင်တန်းသားများ အပြန်အလှန်မိတ်ဆက်ခြင်းဖြင့် သင်ခန်းစာကို စတင်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် လွယ်ဆံဆစ်အရှေ့ရွာ၊ မြောက်ရွာနှင့် အနောက်ရွာမှ သင်တန်းသား (၃၀) ဦး၊ သင်တန်းသူ(၅၃) ဦး၊ စုစုပေါင်း(၈၃) ဦး တက်ရောက်ခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် ယခုဖွင့်လှစ်သော သင်တန်းတွင် (၈)တန်း၊ (၉)တန်းနှင့် (၁၀)တန်း ကျောင်းသား/သူများပါဝင်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ သင်တန်းနည်းပြများဖြစ်သော ခွန်ကျော်ထွန်း၊ ခွန်ရဲအောင်၊ ခွန်ကျော်ခေါင်၊ နန်းခမ်းဆွဲနှင့် နန်းလှကြည်တို့က ဦးဆောင်ဆွေးနွေးပေးနေကြောင်း၊ ယခုသင်တန်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့ဦးဆောင်၍ ဖွင့်လှစ်သော ဒုတိယအကြိမ်မြှောက် ခေါင်းဆောင်မှု (Leadership) သင်တန်းဖြစ်ကြောင်းသတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.