Tuesday, May 23, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် ခေါင်းဆောင်မှု (Leadership) သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂၃) ရက်






ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးယံတန်ကျေးရွာ ထီးရီးဟော်ထို ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှဦးဆောင်၍ ၂၀၁၇-ခုနှစ်၊ မေလ(၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၄)ရက်ကြာဖွင့်လှစ်ခဲ့သော ခေါင်းဆောင်မှု(Leadership) သင်တန်း၏ အောင်ပွဲအခမ်းအနားကို ၂၀၁၇-ခုနှစ်၊ မေလ(၂၃)ရက်နေ့ ညနေ(၂း၃၀)အချိန်တွင် ကျင်းပခဲ့ပါသည်။
ထိုသင်တန်းအောင်ပွဲတွင် ပထမဦးစွာ ထီရီးဟော်ထိုဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး သြဝါဒစကားမွက်ကြားရာတွင် သင်တန်းသား/သူများအနေဖြင့် သင်တန်းမှရရှိလာသော အတွေ့အကြုံ ဗဟုတုတများကို မိမိတစ်ဦးတည်းအတွက်အသုံးမပြုဘဲ အများအတွက်အကျိုးရှိရှိအသုံးပြုရန်နှင့် ဆက်လက်ပြီး မည်သည့်သင်တန်းမျိုးမဆို တက်ရောက် သင်ကြားကြရန် မိမိတို့ရပ်ရွာတိုးတက်ရန်အတွက် ကျေးရွာလူကြီးများသည်လည်း နည်းလမ်းကောင်း များကို တတ်နိုင်သမျှ ဆက်လက်ရှာဖွေကြရန်နှင့် လူငယ်မျိုးဆက်သစ်များသည်လည်း မိမိတို့ကျေးရွာ တိုးတက်စေရန်အလို့ငှာ ယခုသင်တန်းမှရရှိလာသော အတွေ့အကြုံများ၊ ကောင်းမွန်သော အကြံဉာဏ်များကို ယခုလက်ရှိကျေးရွာတွင် အုပ်ချုပ်နေသော ကျေးရွာသူကြီးများနှင့်ဖလှယ်ကာ ဝိုင်းဝန်းအကြံပေးကြရန် တိုက်တွန်းမိန့်ကြားတော်မူခဲ့ပါသည်။
ဆက်လက်၍ ထီရီးယံတန်ကျေးရွာသူကြီး ဖြားခွန်သျူတ်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်လာသော သင်တန်းသူ/သားများအား အားပေးစကားပြောကြားခြင်း၊ သင်တန်းသားအားလုံးကိုယ်စား သင်တန်းသား ခွန်မောင်ဒိုးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသူအားလုံးကိုယ်စား သင်တန်းသူ နန်းခမ်းတွန်မှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆရာများကိုယ်စား ခွန်ကျော်ထွန်းမှ သင်တန်းသူ/သားများအား အမှာစကား  ပြောကြားရာတွင် သင်တန်းမှရရှိလာသော ခေါင်းဆောင်မှုနှင့်ပတ်သက်သည့် သင်ခန်းစာများကို လက်တွေ့ဘဝတွင်အသုံးချကြရန်၊ သင်တန်းလက်စွဲစာအုပ်များကို မိမိတို့အိမ်ရောက်လျှင် ဒီတိုင်းပစ်မထားဘဲ ဖွင့်ရူလေ့လာပြီး လက်တွေ့အသုံးချကြရန် သို့မှသာလျှင် အနာဂါတ်မိမိမြင်လိုသည့် စည်းလုံးမှုရှိသော၊ တိုးတက်သော၊ စံပြဖြစ်သော ထီရီးကျေးရွာကို မြင်ရမှာဖြစ်ကြောင်း၊ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ထီရီးယံတန် ကျေးရွာစာကြည့်တိုက်အတွက် သင်ရိုးညွန်းတမ်း စာအုပ်များကို လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းတွင် ထီရီးယံတန်ကျေးရွာမှ သင်တန်းသား (၈)ဦး၊ သင်တန်းသူ(၂၄)ဦး၊ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း၊ ယခုသင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ သင်တန်းနည်းပြများဖြစ်သော ခွန်ရဲအောင်၊ ခွန်ကျော်ထွန်း၊ ခွန်ကျော်ခေါင်၊ နန်းခမ်းဆွဲနှင့် နန်းလှကြည်တို့က ဦးဆောင်ဆွေးနွေးပေးနေကြောင်း၊ ယခုသင်တန်းသည် လူထုအတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းစသည့်အကြောင်းကို သင်ကြားဆွေးနွေးသွားခဲ့ကြောင်း၊ ယခုသင်တန်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့မှ ဦးဆောင်၍ ဖွင့်လှစ်သော တတိယအကြိမ်မြေSာက် ခေါင်းဆောင်မှု(Leadership) သင်တန်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်တကျော; 
ခါ;ပြောဝ်,ပြုံ;


                       

Powered by Blogger.