Friday, May 5, 2017

U- 18 ပအိုဝ်းမျိုးဆက်သစ် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၅) ရက်



တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းကွင် ဘောလုံးဝါသနာရှင်များနှင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ ပူးပေါင်း၍ ၂၀၁၇၊ မေလ(၄)ရက်နေ့တွင် U-18 ပအိုဝ်းမျိုးဆက်သစ် ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။

ဤပြိုင်ပွဲသို့ ပအိုဝ်းဒေသရှိ ဒေသပေါင်းစုံမှ U-18 ဘောလုံးအသင်း (၃၂)သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး မေလ(၁၅)ရက်နေ့ နေ့လည်(၁)နာရီတွင် ဗိုလ်လုပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယှဉ်ပြိုင်ပြီးခဲ့သည့် အသင်းများမှာ နောင်ပစ်အသင်းနှင့် L.ALL. GROUP တို့ ယှဉ်ပြိုင်ပြီး L.ALL.GROUP အသင်းက လေးဂိုး နှစ်ဂိုးဖြင့်လည်းကောင်း၊ ကောင်တန်အသင်းက တံတားမီးလောင်းအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ ထီဖေါင်းအသင်းက ထီသိမ်အသင်းကို လေးဂိုး နှစ်ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိထားပါသည်။

ယခုလို ပြိုင်ပွဲကို ကျင်းပရခြင်းက နွေရာသီကျောင်းပိတ်ချိန်ဖြစ်၍ ကျောင်းသားများအနေဖြင့် ဘောလုံး အားကစားကို စိတ်ဝင်စားစေချင်ကြောင်း၊ ထူးချွန်သည့် ပအိုဝ်းဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေကြောင်း၊  ကျောင်းမဖွင့်ခင် ယခုလိုချိန်မျိုး နှစ်စဉ်ဖွင့်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုလည်း ပွဲဖြစ်မြောက်ကော်မတီဝင် ခွန်ရဲထွဋ်က ပြောကြားပါသည်။

ခွန်ဓဇ
Powered by Blogger.