Tuesday, June 13, 2017

တောင်ကြီးကျောင်းကျန်းမာရေးအဖွဲ့မှ တောင်ကြီးမြို့ပေါ်ရှိ စာသင်ကျောင်းများ ကျန်းမာရေးစစ်ဆေးမှု စတင်စစ်ဆေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၃) ရက်







ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ စာသင်ကျောင်းပေါင်း(၄၉)ကျောင်းကို ဇွန်လဆန်းမှ စက်တင်ဘာလအထိ ကျောင်းကျန်းမာရေးစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ယနေ့ ၂၀၁၇ - ခုနှစ်၊ ဇွန်လ(၁၃)တွင် တောင်ကြီးကျောင်းကျန်းမာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းခိုင် မှ ဦးဆောင်၍ အ.ထ.က(၅)အထက်တန်းကျောင်း၌ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသူ/သားပေါင်း (၄၃၅)ယောက်ကို ကျန်းမာရေးစစ်ဆေးမှုများ စတင်ပြုလုပ်ဆောင်ရွက်ကြောင်း သိရှိရပါသည်။

အဆိုပါ စစ်ဆေးမှုပြုလုပ်ရာတွင် ဦးဆောင်အဖွဲ့ဝင် (၈)ယောက်နှင့် တောင်ကြီးမြို့ ကြီးကြပ်(၂) သင်တန်းသူ/သား အယောက်(၅၀)မှ ကျောင်းတွင်းရှိ မုန့်ဆိုင်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေကန်သန့်ရှင်းရေး၊ သန့်စင်ခန်းသန့်ရှင်းရေး စသည်တို့ကို လက်တွေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.