Thursday, June 8, 2017

ပအိုဝ်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအစည်းအဝေးကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ၇က်



၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ရက် ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပအိုဝ်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ အစည်းအဝေးကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို  ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ မှ ဦးဆောင်ပြီး  ၂၀၁၇ - ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးမည့်ကာလတွင် ပအိုဝ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် ပအိုဝ်းတစ်မျိုးသားလုံးအနေဖြင့် အိမ်ထောင်စုတစ်စုတွင် သစ်ပင် (၅)ပင် စိုက်ပျိုးရန်အတွက် ရှင်းလင်းတင်ပြကြောင်း၊ ပအိုဝ်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို လာမည့် ဇူလှိုင်(၅) ရက်တွင် ပအိုဝ်းဒေသတစ်ဝှမ်းလုံး တပြိုင်နက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုအခမ်းအနားများကို ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်တရားမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် နှင့် တောင်ကြီးမြို့နယ် တို့မှ ကိုယ်စားလှယ်များ (၂၀ ) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

နန်းတဆံထီ
Powered by Blogger.