Friday, June 30, 2017

ကော်ဖီ၊ လက်ဖက် ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်



၂၀၁၇ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန် တောင်ကြီးမြို့ ကမ္ဘာဇကုန်သွယ်မှုဗဟိုဌာနရှိ ကော်ဖီနှင့် လက်ဖက် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရန် ပြည်ပပို့ကုန်ဝင်ငွေ တိုးတက်ရရှိစေရန်၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့ရောင်းချသူများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းသတ်မှတ်ချက်၊ နည်းပညာမျာနှင့် အသိပညာများရရှိရန် စသည့်ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီးဦးအောင်ထူး အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်း ကော်ဖီနှင့် လက်ဖက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ဆောင်ရွက်မှုများမှာ တွေ့ကြုံနေရတဲ့အခက်အခဲများကိုဖြေရှင်းပေးနိုင်ပြီး ကော်ဖီနှင့်လက်ဖက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းလမ်းကောင်းများ ပေါ်ထွက်လာစေရန်၊ ပြည်နယ်အဆင့်မှ နိုင်ငံတော် အဆင့်ထိ ကုန်သွယ်မှု ပမာဏမြင့်မားလာစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကော်ဖီအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်ဖီ၊ လက်ဖက်အဖွဲ့များနှင် စိုက်ပျိုးထုတ်လုပ်သူများမှ ကော်ဖီနှင့် လက်ဖက်ထုတ်လုပ်မှုအကြောင်းများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ကော်ဖီတင်ပို့မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ၈၆၀.၁၂၅ မက်ထရစ်တန် တင်ပို့နိုင်ပြီး တန်ဖိုးအနေနှင့် ဒေါ်လာ (၁.၄၃၇) သန်း ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ လက်ဖက်တင်ပို့မှုအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၄၀၄၆.၅၇၃ မက်ထရစ်တန်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်ခွန်
Powered by Blogger.