Thursday, June 29, 2017

ရှမ်းပြည်နယ်အတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရေးအတွက် ပုဂ္ဂလိကနှင့်အစိုးရကဏ္ဍ တွေ့ဆုံစကားဝိုင်းကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်




တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် DICA နှင့် GIZ တို့မှ ပူးပေါင်းပြီး ရှမ်းပြည်နယ်အတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရေးအတွက် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍ တွေ့ဆုံစကားဝိုင်းကို ၂၀၁၇၊ ဇွန်(၂၉)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာဥပဒေနှင့် မူဝါဒမူဘောင်များ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီမံခန့်ခွဲမှုနည်းလမ်းများ၊ ခရီးသွားလုပ်ငန်းလည်ပတ်နေမှုအခြေနေများ၊ အဖွဲ့အစည်းအသီးသီးမှ ကြုံတွေ့နေရသည့် အခက်အခဲများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် စီးပွား/စီမံဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ DICA အဖွဲ့မှ Director general ဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ GIZ မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ (၅၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်ရဲုင်းယံ
Powered by Blogger.