Wednesday, June 28, 2017

ရွှေကျွန်းမျော ဟိုတယ်အုပ်စု ထီနဲ့ကျေးရွာတွင် သစ်ပင်စိုက်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်






ရွှေကျွန်းမျော ဟိုတယ်အုပ်စုဦးဆောင်၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ ထီနဲ့ကျေးရွာတွင် သစ်ပင်စိုက်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပွဲကို ရွှေကျွန်းမျောအုပ်စုဖြစ်သော နန်းပန်၊ သလဲဦး၊ ညောင်ရွှေခရီးသွားလုပ်ငန်းရုံး၊ တောင်ကြီးရုံး၊ ရန်ကုန်ရုံး၊ လိုင်ကုန်းစာသောက်ဆိုင်၊ ပအိုဝ်းဒေသကျေးရွာ လူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း (CITPAR)နှင့် ကျောက်တလုံးကြီးမြို့နယ်ခွဲ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ထီနဲ့ (အရှေ့ရွာ၊ တောင်ရွာ၊ အောက်ရွာ) တို့ အနီးတ၀ိုက် မြေလွတ်များတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသစ်ပင်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ညောင်ရွှေခရီးသွားလုပ်ငန်းရုံး မန်နေဂျာ ခွန်ထွန်ဦးက ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးမှု ပြုလုပ်ရခြင်းမှာ မိမိတို့ ရွှေကျွန်းမျောဟိုတယ်အုပ်စု အချင်းချင်း ရင်းနှီးမှု၊ စည်းလုံးမှု ပိုမိုရှိလာစေရန်၊ မိမိတို့ လူငယ်များသည်လည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတန်ဖိုးထားတက်ရန်၊ ထို့ပြင် အတူပူပေါင်းဆောင်ရွက်သော အလေ့အထထိန်းသိမ်းတက်စေရန်နှင့် သဘာဝပတ်ဝန်ကျင်ထိန်သိမ်းရေးနှင့် ပတ်သက်၍ မိမိတို့သည်လည်း တထောင့်တနေရာတွင် ပါဝင်ဆောင်ရွက်သော လူပ်ရှားမှု မှတ်တမ်းများ ရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတွင် ပျိုးပင်ပေါင်း(၂၅၀၀)ကျော် စိုက်ပျိုးပြီး ပျိုးပင်အမျိုးအစားအနေဖြင့် မန်ကျဉ်း၊ စိန်းပန်းနီ/ပြာ၊ မယ်ဇလီ၊ ကျွန်းသစ်၊ ခါတော်မှီ၊ ပင်စိမ်းပင်များ ပါရှိကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.