Friday, June 30, 2017

ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ဟိုတွူး(ဟိုတိ)ကျေးရွာ၊ ဟိုတွူး(ဟိုတိ)ဘုန်းတော်ကြီးကျောင်း၌ ခေါင်းဆောင်မူ (Leadership)သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁) ရက်



 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ဟိုတွူး(ဟိုတိ)ကျေးရွာ၊ ဟိုတွူး(ဟိုတိ)ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၇-ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ကြာသပတေးနေ့ ညနေ (၈း၀၀) နာရီအချိန်တွင် ခေါင်းဆောင်မှု(Leadership)သင်တန်းကို       ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဟိုတွူးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား ကန်တော့ပြီး၊ ငါးပါးသီလခံယူကာ ဆရာတော်မှ သြဝါဒမြွက်ကြားရာတွင် ယခုလို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ           ဘုန်းဘုန်းတို့၏ ကျေးရွာတွင် သင်တန်းလာရောက်ဖွင့်လှစ်ပေးသည့်အတွက် ဘုန်းဘုန်းအနေ ဖြင့် အလွန်ပင်ဝမ်းမြောက်ကြောင်း၊ ကျေးဇူးလဲတင်ပါကြောင်းနှင့် သင်တန်းသူ/သားများအနေဖြင့်လည်း ယခုကဲ့သို့သော အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးမခံသင့်ကြောင်း၊  သင်တန်း ၅ ရက်တာကာလတွင်လည်း ပြီးဆုံးအောင်တက်ရောက်စေလိုကြောင်း မိန့်ကြားခဲ့ပါသည်။ ထို့နောက် အလံတော်ကိုအလေးပြု၍ ပအိုဝ်းအမျိုးသားသီချင်းကို ပြိုင်တူသီဆိုခဲ့ပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြ ဆရာခွန်ကျော်ထွန်းမှ ခေါင်းဆောင်မှု(Leadership)သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားရာတွင် ယခုလူငယ်မောင်မယ်များသည် နောင်တစ်ချိန်တွင် အမျိုးသားရေးတာဝန်များကို မလွဲမသွေပုခုံးပြောင်းထမ်းဆောင်ကြရမည်ဖြစ်ရာ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ပညာရပ်များကိုသိရှိထားမှသာလျှင် မိမိတို့၏လူငယ်မောင်မယ်များကိုဦးဆောင်ရာတွင် လည်းကောင်း၊ ရပ်ရွာပြည်သူလူထုများကိုဦးဆောင်ရာတွင်လည်းကောင်း အဆင်ပြေချော့မွေ့ပြီး မိမိတို့ရောက်လိုသည့် အောင်မြင်မှုပန်းတိုင်ကိုလည်း အချိန်တိုတိုနှင့်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်း တက်ရောက်လာသည့် သင်တန်းသူ/သား လူငယ်မောင်မယ်များအနေဖြင့် သင်တန်းပြီးဆုံးသည်ထိ တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ယခုဖွင့်လှစ်သည့် ခေါင်းဆောင်မှု(Leadership)သင်တန်းသည် သတ္တမအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး သံဃာတော်(၄)ပါးနှင့် သင်တန်းသူ/သားစုစုပေါင်း(၂၈)ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းကို(၅)ညတိုင်တိုင်ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ခေါင်းဆောင်၊ ခေါင်းဆောင်မှု၊ လူထုတွင်းစကားပြော စွမ်းရည်၊ စည်းရုံးခြင်းစသည့်ခေါင်းစဉ်များကို ဆေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာများဖြစ်ကြသည့် ခွန်ကျော်ထွန်း၊ ခွန်မောင်ကျော်၊ နန်းလှကြည်၊ နန်းခမ်းဆွဲတို့မှ ဦးဆောင်ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာနမှလည်း ပြည်သူလူထုများအနေဖြင့် ဥပဒေနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကိုသိရှိစေရန် ဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများကို (၁)ညတာ ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ခွန်ကျော;ခေါင်;
ထီရီးဟော်ထို

Powered by Blogger.