Wednesday, June 28, 2017

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပအိုဝ်းအမျိုသားတပ်တော်(PNA)-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)များအား တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်










ပအိုဝ်းအမျိုးသားတပ်မတော်-အသွင်ပြောင်းသူ့စစ်(ဌာနေ)များနှင့် ရင်းနှီးမှုရရှိရန်နှင့် ပြည်သူ့စစ်များ၏ လိုအပ်ချက်များကို တပ်ပြနိုင်ရန် ရည်ရွယ်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝင်းမင်းထွန်းက ပအိုဝ်းအမျိုသားတပ်တော်(PNA)-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)များနှင့်တွေ့ဆုံပွဲကို ၂၀၁၇ခုနှစ်၊ ဇွန်လ(၂၈)ရက်၊ ဗုဒ္ဓဟူးနေ့၊ ဆီဆိုင်မြို့နယ်၊ အောင်ဆုဗွေစခန်း၊ တပ်ရင်း(၄)တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးဗိုလ်ချုပ် ၀င်းမင်းထွန်းက အခုလို ပအိုဝ်းအမျိုသားတပ်မတော်(PNA)-အသွင်ပြောင်းပြည်သူ့စစ်ဌာနေများအားလုံး ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရသည်မှာ အလွန်ပင် ၀မ်းမြောက်မိပါကြောင်း၊ ပအိုဝ်းဒေသသည် အရင်ငြိမ်းချမ်းရေးမယူခင်နှင့်နှိုင်းယှဉ်ပါက ယခုအချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုများ ကိုတွေ့မြင်နေမည်ဖြစ်ပါကြောင်း၊ ပအိုဝ်းဒေသသည် တည်ငြိမ်အေးချမ်းမှုရှိပြီး ငြိမ်းချမ်းရေးယူပြီးကတည်းက တိုက်ပွဲများမရှိခဲ့ပါကြောင်း၊ ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများကို တည်ငြိမ်အေးချမ်းစွာလုပ်ဆောင်နေသည်ကို မြင်တွေ့နေရပါကြောင်း၊ ယခုလို တည်ငြိမ်အေးချမ်းမှုရှိလာသည်မှ ပအိုဝ်းပြည်သူ့စစ်ရဲဘော်များ၏ ကြိုးစားမှုများပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် တပ်မတော်ရှိပြီး တပ်မတော်နှင့် ပြည်သူ့စစ်သည် ညီအစ်ကိုများပင် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတွင်းရှိ ပြည်သူများ၏အကျိုးစီးပွားနှင့် နယ်နိမိတ်မဆုံးရှုံးရလေအောင် ကာကွယ်ရသောတာဝန်ရှိကြောင်း၊ ထို့အတူ ပြည်သူ့စစ်သည်လည်း မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရန်နှင့် လုံခြုံမှု၊ အများသူ၏ စော်ကားမှုများကို မခံရအောင် ကာကွယ်ထိန်းသိမ်းရသော တာဝန်ရှိကြောင်း၊ ယခုပအိုဝ်းဒေသသည် တပ်မတော်နှင့် ပြည်သူ့စစ်ရှိနေခြင်းကြောင့် တည်ငြိမ်အေးချမ်းခြင်းများ ရှိနေကြောင်း၊ ယခုလို နယ်မြေတည်ငြိမ်အေးချမ်းရေးကို တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ပေးသော ပအိုဝ်းပြည်သူ့စစ်များကို အလွန်ပင်ကျေးဇူးတင်ပါကြောင်း။

ယခုလက်ရှိတွင် ပအိုဝ်းလူမျိုးများ နိုင်ငံရေးတွင်သော်လည်းကောင်း၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးများတွင်သော်လည်းကောင်း သိသိသာသာတိုးတက်လာသည်ကို မြင်တွေ့ရပါကြောင်း၊ ထိုသို့တိုးတက်လာသည်မှာ အဘဦးအောင်ခမ်းထီ၏ ရပ်တည်ချက်မှန်ကန်မှုကြောင့်ပင်ဖြစ်ကြောင်း၊ ပြည်သူ့စစ်များအနေဖြင့် မိမိတို့၏ သားသမီးပညာရေးကို ပိုမိုအားပေးစေလိုကြောင်း၊ ပြည်သူ့စစ်များအနေဖြင့် ပြသာနာတစ်စုံတစ်ရာနှင့် ကြုံတွေ့ပါက ဒေါသကိုရှေ့တန်းမတင်ဘဲ တရားဥပဒေနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း၊ တခါတလေတွင် သူ့အမှားက ကိုယ့်အမှားကို ဖြစ်ပေါ်စေတတ်ကြောင်း၊ ဒီကနေ့ခေတ်တွင် မိမိတို့၏ အဘဦးအောင်ခမ်းထီကဲ့သို့ အတွေးအခေါ်၊ အယူအဆ၊ ရပ်တည်ချက် မှန်ကန်ရန် အထူးလိုအပ်ကြောင်း၊ မိမိတို့လူမျိုးများ ဒီအတိုင်း စည်းစည်းလုံးလုံးနှင့်ဆက်သွားပါက ဒီထက်မက တိုးတက်မှုရရှိမည်မှာအမှန်ပင် ဖြစ်ကြောင်း၊ တိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုသည် ဆက်စပ်နေသောကြောင့် တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိ လာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူ့စစ်များအနေဖြင့် ဒေသအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

ထိုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ဒု-ဥက္ကဌ ဖြားပီတာထွန်းနိုင်က မိမိတို့သည် ပြည်သူ့စစ်များဖြစ်သော်လည်း တပ်မတော်များကို ခွဲခြားမှုမရှိကြောင်း၊ လူမျိုးစွဲများဝါဒများ မရှိကြောင်း၊ ညီအစ်ကိုကဲသို့ပင် သဘောထားပါကြောင်း၊ တပ်မတော်သည် ပြည်သူထဲတွင် ပေါ်ပေါက်လာကြောင်း၊ မိမိတို့ ပြည်သူ့စစ်သည် ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ မိမိတို့ပြည်သူ့စစ်ရဲဘော်များလည်း တပ်မတော်စည်းကမ်းကို လိုက်နာရန်လိုအပ်ကြောင်း၊ မူးယစ်ဆေး ၀ါးကိစ္စရပ်များကို မလုပ်ဆောင်မိရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသည် မိမိတို့စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လုပ်ဆောင်နိုင်ကြောင်း၊ တိုင်းမှူး ပြောကြားပေးသွားသော ဆောင်ရန်၊ ရှောင်ရန် အမှာစကားများကို မှတ်သားစေလိုကြောင်း၊ ယခုကဲသို့ မိမိတို့ပြည်သူစစ်များကို တွေ့ဆုံအမှာစကားပြောကြား ပေးသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ၀င်းမင်းထွန်းကို အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး (PNA)အသွင်းပြောင်သူစစ်-ဌာနေ) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖြားမြင့်အောင်က တိုင်းမှူး၏ အမှာစကား ဆောင်ရန်၊ ရှောင်ရန်များကို ပအိုဝ်းဘာသာဖြင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)- အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)(၆၀၀)နီးပါး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.