Thursday, June 15, 2017

ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် တည်ထားနေသော စေတီတစ်ဆူအတွက် ဒေသဦးစီးဥက္ကဋ္ဌ၊ PNO၊ PNA တို့က မတည်ငွေ သိန်း(၁၅၀) လှူဒါန်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၆) ရက်





တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည် မြောက်ဘက်၊ ပိုလ်;ပန္တဒုံလီ တောင်ပေါ်တွင် ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;တန်ပန္တကို ဂုဏ်ပြုသောအားဖြင့် တည်ထားကိုးကွယ်သော မဟာဝံသ ဗုဒ္ဓဂါယာစေတီပြီးစီးရန်အတွက် ၂၀၁၇ခုနှစ်၊ ဇွန်လ(၁၅)ရက်၊ ကြာသပတေးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဖြားခွန်စံလွင်မှ ကျပ်သိန်း(၅၀)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ကျပ်သိန်း(၅၀)နှင့် ဌာနေအသွင်းပြောင်းပြည်သူ့စစ်- ပအိုဝ်းအမျိုးသားတပ်မတော်(PNA)မှ ကျပ်သိန်း(၅၀) စုစုပေါင်း ကျပ်သိန်း(၁၅၀)ကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီထံသို့ လှူဒါန်းခဲ့ကြသည်။

အဆိုပါ အလှူငွေများကို ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ဘဏ္ဍာရေးမှူး ခွန်မျိုးထွန်း၊ စည်းရုံးရေးမှူး နန်းခမ်းဗွာတို့က သော်လည်းကောင်း၊ ဌာနေအသွင်း ပြောင်းပြည်သူ့စစ်- ပအိုဝ်းအမျိုးသား တပ်မတော်(PNA)မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်၊ ဗိုလ်မှူးခွန်အောင်သန်း၊ ဗိုလ်မှူးဇော်ပျံ၊ ဗိုလ်မှူးခွန်လာမဲင်းတို့က သော်လည်းကောင်း အသီးသီးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားများကို ဦးဆောင်ခဲ့သည့် ပိုလ်;ကျော;ခေါင်;၊ ပိုလ်;ကျော;ဦ၊ ပိုလ်;ကျော;လ၊ ပိုလ်;ပန္တတို့ (၄)ဦးတို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ လားရှိုး၊ ကျူကုတ်၊ နမ့်စန်၊ ကျေးသီး၊ မန်စန်၊ ကျုံလောဝ်၊ မိုင်းကိုင်၊ကောင်ဖိုးဖြိန်း၊ စင်းသင်း၊ ကောင်မုံး၊ ကောင်နောက်၊ ထီတခု၊ နောင်ဒေ၊ နမ်းဟူ၊ ထီဖူ၊ ရန်ကင်း၊ မျင်မိုရ်;ခမ်း၊ ထီဖူတန်၊ ဟိုပုံး၊ တောင်တီး(ခေါ်) တောင်ကြီး ဖြတ်လာပြီး ပအိုဝ်းအမျိုးသားများ နေရာဒေသတွင် အဖွဲ့လိုက် ဦးဆောင်ပြီး အခြေချနေထိုင်ခဲ့ကြကြောင်းသိရှိရသည်။

ထိုခေါင်းဆောင်(၄)ဦးကို ဂုဏ်ပြုသောအားဖြင့် ဖါမွန်းရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ခေါင်းကို ရည်စူး၍ ဖါမွန်းကျေးရွာတွင် “ကျော;ခေါင်”ဘုရားဟု သော်လည်းကောင်း၊  ထီရီးကျေးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော;ဦးကို ရည်စူး၍ ထီရီးကျေးရွာ အရှေ့ရှိ စေတီကို “ပိုလ်;ကျော;ဦး” ဟု သော်လည်းကောင်း၊ နောင်ခဲုင်း၊ ဆောင်းဖိုးရွာကို တည်ထောင်ခဲ့သူ ပိုလ်;ကျော်လကို ရည်စူး၍ နောင်ခဲုင်းကျေးရွာ အနောက်ဘက်တွင် “ပိုလ်;ကျော;လ” ဟုသော်လည်ကောင်း၊ ယခုအခါ ကျောက်တလုံးကြီးမြို့၊ ပင်တွန်၊ ထီခေါင်ရွာကို တည်ထောင်ခဲ့သူ ပိုလ်;ပန္တကို ရည်စူး၍ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည် မြောက်ဘက်တွင် “ပိုလ်;ပန္တ” ဟု သော်လည်းကောင်း စေတီတည်ထား ပေးနေကြောင်း သိရှိရသည်။

အဆိုပါ ပအိုဝ်းအမျိုးသားကို ဦးဆောင်ခဲ့သူ ပိုလ်;ပန္တကို ရည်စူး၍ တည်ထားသော စေတီတော်ကို ပအိုဝ်းအမျိုးသားဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ ဦးဆောင်ပြီး ၂၀၁၇ခုနှစ်၊ မေလ(၈)ရက်နေ့၊ အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့၊ ကျောက်တလုံးဆည် မြောက်ဘက်၊ ပိုလ်;ပန္တဒုံလီ တောင်ပေါ်တွင် အုတ်မြတ်ချခဲ့ကြောင်း သိရှိရသည်။

နဂါ့ခွန်

Powered by Blogger.