Thursday, June 22, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် (SEAL NET)အမျိုးသမီးစွမ်းရည်မြှင့် သင်တန်းလူငယ်များတွေ့ဆုံမိတ်ဆက်ပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၃) ရက်









တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် (SEAL NET) အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းလူငယ်များ တွေ့ဆုံမိတ်ဆက်ပွဲကို ၂၀၁၇၊ ဇွန်လ (၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ တစ်ဦးချင်းမိတ်ဆက်ခြင်းအစီအစဉ်များပြုလုပ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ (SEAL NET) အဖွဲ့ခေါင်းဆောင် နန်းနှင်းနုနုလွင်မှ သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းခြင်း ၊ တက်ရောက်လာသည့် နိုင်ငံအလိုက် သင်တန်းလူငယ်များမှ မိမိနိုင်ငံရှိ အမျိုးသမီးစွမ်းရည်အကြောင်းများအားမျှဝေခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ပအိုဝ်းလူငယ်ကွန်ယက်(PYN) အဖွဲ့မှ ခွန်စိုးမောင်က ဂုဏ်ပြုစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အဖွဲ့မှ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်က  သင်တန်းဆရာ/မများနှင့် သင်တန်းသားများအား အမှတ်တရပအိုဝ်းရိုးရာလွယ်အိတ် ပေးအပ်ခြင်း၊ (SEAL NET) အဖွဲ့မှ ရုံးအဖွဲ့သို့ အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခြင်း၊  ခမ်းရင်သားသီချင်းနှင့် WE ARE THE WORLD သီချင်းများအား အတူတကွသီဆိုခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မြန်မာ (၆)နိုင်ငံရှိ  သင်တန်းသား(၂၀)ဦးနှင့် သင်တန်းဆရာ/ဆရာမ (၁၀)ဦး၊ သင်တန်းစီစဉ်သူ (၄)ဦးဖြင့် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရုံးတွင် ဇွန်လ(၁၅)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၈)ရက်တိတိ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

ခွန်ဓဇ
Powered by Blogger.