Wednesday, July 19, 2017

ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်




၂၀၁၇-ခုနှစ်၊ ဇူလှိုင်လ(၁၅)ရက်နေ့(စနေနေ့)၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပင်လောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး ခန်းမတွင် ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ခွန်စောအောင်တို့မှ  ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ပင်လောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပမည့်အစည်းအဝေးကို အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ပထမပိုင်းအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဒေသများ၏ လိုအပ်ချက်များကို တင်ပြကြခြင်းဖြစ်ပြီး ဒုတိယပိုင်းနေဖြင့် လာမည့် ဇူလိုင်လ(၁၇)ရက်နေ့(တနင်္လာနေ့) တွင် အဆိုပါတင်ပြချက်များကို လွှတ်တော်ရံပုံငွေသိန်း (၁၀၀၀)စီစစ်ရေးကော်မတီမှ ပြန်လည်ညှိနှိုင်းကာ ဆုံးဖြတ်ချက်များချမှတ်ခြင်းဟူ၍ ဖြစ်ပါကြောင်း၊ နဂိုကပြုလုပ်ခဲ့သောဌာန၏ (၁၅)ရက်တစ်ကြိမ် ပုံမှန်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်ကျင်းပသော အစည်းအဝေးကို  မအားလပ်သည့်ကြားကအချိန်ပေး၍ စုံစုံလင်လင်ပါဝင်တက်ရောက်ပေးသော လွှတ်တော် ကိုယ်စားလှယ်များကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ တက်ရောက်လာသော  ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကိုလည်း များစွာကျေးဇူးတင်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စာားလှယ်များ စုံစုံလင်လင်တက်ရောက်လာသောကြောင့် ၎င်းတို့၏ရှေ့မှောက်တွင် ဌာနဆိုင်ရာများသည်လည်း မိမိတို့ဌာန၏လိုအပ်ချက်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများသည်လည်း မိမိတို့ကျေးရွာအုပ်စု အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များထံတွင် ပွင့်ပွင့်လင်းလင်းတင်ပြကြကာ လွှတ်တော်ကိုယ်စားလှယ်များလည်း ၎င်းလိုအပ်ချက်များနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖြားခွန်မောင်သောင်းမှ “မိမိသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သာမက ပြည်သူ့ လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(ဥက္ကဌ)တာဝန်ကို ပူးတွဲတာဝန်ယူနေရခြင်းကြောင့် ယခုလို ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခြင်းအခမ်းအနားများကို ပုံမှန်အချိန်ပေးပြီး မတက်ရောက် နိုင်သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် လွှတ်တော်ထဲတွင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည် နှင့်အညီ ပြည်သူအတွက်အကျိုးခံစားနိုင်မည့် လုပ်ငန်းများကိုလည်း လွှတ်တော်ထဲတွင် အမြဲတမ်းတောင်းဆိုနေပါကြောင်း၊ မိမိမြို့နယ်နှင့် ပတ်သက်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ဆောင်ပေးနိုင်ရန်အတွက် မိမိကြိုးစားတင်ပြတောင်းခံခဲ့ရာတွင် လွှတ်တော်ရုပ်သံကိုကြည့်ရှုဖူး သူတိုင်းသိရှိခဲ့ရဖူးမည်ဖြစ်ကြောင်း၊ မိမိသည် ပအိုဝ်းတိုင်းရင်းသားဖြစ်သော်ငြားလည်း လူမျိုးခွဲခြားဆက်ဆံခြင်း၊ ကျောသားရင်သားခွဲခြားခြင်း မရှိပါကြောင်း၊ မိမိမဲဆန္ဒနယ်အတွင်းရှိ ရှမ်း၊ ဓနု၊ တောင်ရိုး၊ ကယန်း၊ ဗမာ နှင့် အခြားသောမည်သည့်တိုင်းရင်းသားများ၏ အခွင့်အရေး များကိုမဆို တန်းတူရည်တူခံစားရအောင် လွှတ်တော်ထဲတွင် တင်ပြတောင်းခံနေပါကြောင်း  ယခုအစည်းအဝေးသည် လွှတ်တော်ရံပုံငွေ သိန်း(၁၀၀၀)ခွဲဝေခြင်းကိစ္စလည်းပါဝင်မည်ဖြစ်သော်လည်း မိမိတို့ ပင်လောင်းမြို့နယ်သည် မြို့နယ်ဧရိယာကျယ်ဝန်းခြင်း၊ မြို့ပေါ်ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအုပ်စုပေါင်း(၂၅)အုပ်စုရှိနေပြီး လွှတ်တော်ရံပုံငွေသိန်း(၁၀၀၀)ကို အညီအမျှခွဲဝေနိုင်ရန် မိမိတို့လည်းစဉ်းစားရခက် နေပါကြောင်း၊ ထို့ကြောင့် အညီအမျှခွဲဝေနိုင်ရန်အတွက်  ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည်လည်း မိမိတို့ရပ်ကွက်၊ ကျေးရွာ အုပ်စုအတွင်းတွင် သိန်း(၅၀) ပတ်ဝန်းကျင်နှင့် ပြီးစီးနိုင်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးပြီး တင်ပြကြရန်လည်း တိုက်တွန်း လိုပါကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပင်လောင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ခွန်စောအောင်တို့မှ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ခဲ့သည့်၊ ဆောင်ရွက်နေသည့်နှင့် ဆောင်ရွက်မည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျယ်တဝင့်ရှင်းပြခဲ့ကြပြီး၊ ပေါအင်ကျေးရွာအုပ်စု၊ လွယ်မော ကျေးရွာအုပ်စု၊ မွှေးပြင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စုတို့သည် Pilot Projet ထဲတွင်ပါဝင်ပြီး ဖြစ်သောကြောင့် ၎င်းစီမံကိန်းများ နှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားကျေးရွာအုပ်စုများမှ မိမိတို့ဒေသ၏ ဦးစားပေးလိုအပ်ချက်များကို တင်ပြတောင်းခံကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဒေသ၏လိုအပ်ချက်များကို သတ်မှတ် ဦးစားပေးအဆင့်များ သတ်မှတ်ကာ  လွှတ်တော်ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း အသီးသီးတင်ပြကြပါသည်။
၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့် ပင်လောင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များ

စဉ် မြို့နယ်/မြို့ ရပ်ကွက်/
ကျေးရွာအုပ်စု ဆောင်ရွက်လိုသည့်လုပ်ငန်း ပေ/မိုင်/
အရေအတွက် ဘတ်ဂျက် မှတ်ချက်
ပင်လောင်း အရှေ့ရပ်ကွက် အောင်ရတနာလမ်း ကွန်ကရစ်ခင်းရန် ၄၀၀ ပေ လွှတ်တော်
ပင်လောင်း ဈေးတန်းနှင့် ရုံးဝင်းပေါင်း အ.မ.က(၃) လမ်းပြုပြင်ရန် လွှတ်တော်
ပင်လောင်း ကွက်သစ် နမ်းဟူးကျောင်းသွားလမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်ရန် လွှတ်တော်
ပင်လောင်း ကိုးခေါင် လယ်ကြားမြေသားလမ်းမှ ကျောက်ချော လမ်းခင်းရန် (၆၀၀) ပေ လွှတ်တော်
ပင်လောင်း ဘုရားမြောက် မြို့ပတ်မှ နမ့်ဆိုင်ခေါင်ထိ မြေသားလမ်းမှ ကျောက်ချောလမ်းခင်းရန် (၁၁၀၀) ပေ လွှတ်တော်
ပင်လောင်း ဘန်းဖယ် ကျောက်ချောလမ်းဖြစ်သည့် ကံ့ကော်လမ်း နှင့် ပဒုံမာလမ်း ကွန်ကရစ်ခင်းရန် (၅၀၀) ၀န်းကျင်ပေ လွှတ်တော်
ပင်လောင်း အနောက်ရပ် ချယ်ရီလမ်းအား ကွန်ကရစ်ခင်းရန် (၅၅၀) ပေ လွှတ်တော်
ပင်လောင်း ကံသာဦး မီးသတ်ရုံးရှေ့ ကွန်ကရစ်တံတား တည်ဆောက်ရန် လွှတ်တော်
ပင်လောင်း တောင်ထီဗွာ သေင်းတောင်ဒိန်ရွာမှ ပင်ကြိုင်ရွာလမ်း
အတက်ကြမ်းနေရာ ကွန်ကရစ်ခင်းရန် (၂) မိုင်ခန့် လွှတ်တော် ကျေးရွာမှ
ပူးပေါင်းမည်
၁၀ ပင်လောင်း စင်းတောင်း အ.ထ.က(တင်းထက်) စာသင်ခုံလိုအပ် လွှတ်တော်
၁၁ ပင်လောင်း ဘန့်ဘာ ၀ါးရန်ရွာမှ ရေအေးရွာထိ မြေသားလမ်း
ချဲ့ထွင်ရန်။ (၁) မိုင် (၃) ဖာလုံခန့် လွှတ်တော်
၁၂ ပင်လောင်း လိန်းညား ဟမ်းသဲင်ရွာမှ လိန်းညားရွာထိ မြေသား လမ်းမှသဲဗြုန်းလမ်းခင်းရန်။ (၁) မိုင်(၄) ဖာလုံခန့် လွှတ်တော်
၁၃ ပင်လောင်း နန်းတုတ် ပင်စုံရွာမှ လွယ်ဖြွီးရွာထိ မြေသားလမ်းမှ
သဲပြုံးလမ်းခင်းရန်။ (၇၆၀၀) ပေ လွှတ်တော်
၁၄ ပင်လောင်း လုံးပျဉ် လုံးပျဉ်ရွာမှ နမ်းနိန်းရွာထိ မြေသားလမ်း
ချဲ့ထွင်ရန်။ (၃၄၀၀) ပေ လွှတ်တော်
၁၅ ပင်လောင်း ပင်လောင်းကြီး ရေလှောင်ကန် တည်ဆောက်ရန်။ ဂါလံ (၅၀၀၀) ဆံ့ လွှတ်တော်
၁၆ ပင်လောင်း ထီဖောင်း ပင်တပြေရွာအ၀င် မြေသားလမ်းချဲ့ထွင်ရန်။ (၂) မိုင် (၄) ဖာလုံခန့် လွှတ်တော်
၁၇ နောင်တရား ရပ်ကွက်(၁) နှင်းဆီးလမ်းပေါ်ရှိ တံတား(၂)စင်းအား
ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန်။ (၂) စင်း လွှတ်တော်
၁၈ နောင်တရား ရပ်ကွက်(၂) နောင်ယဉ်ကန်တံတားအား ကွန်ကရစ်
တံတားအဖြစ် တည်ဆောက်ရန်။ အရှည် (၂၅) ပေ၊
အကျယ် (၂၀) ပေ လွှတ်တော်
၁၉ နောင်တရား ရပ်ကွက်(၃) သိန်ပြုံးရွာအတွင်းရှိ မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ခင်းရန်။ (၁၂၀၀) ပေ လွှတ်တော်
၂၀ နောင်တရား ဘန်းပြင် ထီရီးရွာ၊ ကန့်ကော်ရွာနှင့် ပင်စိမ်းစုရွာထိ
မြေသားလမ်းမှ သဲဗြုန်းလမ်းခင်းရန်။ (၃) မိုင်ခန့် လွှတ်တော်
၂၁ နောင်တရား တီကျစ် လွင်ရွာ - မွန်းပြင်ရွာထိ မြေသားလမ်း
ချဲ့ထွင်ရန်။ (၁.၅)မိုင် လွှတ်တော်
၂၂ နောင်တရား မြင်းတွင်း လက်ပံပင် အ.လ.က(ခွဲ) ကျောင်းဆောင်
တိုးချဲ့ရန်နှင့် စာသင်ခုံလိုအပ်လျက်ရှိ၊ လွှတ်တော်
၂၃ နောင်တရား ဘုရားဖြူ ပြည်ထောင်စုလမ်းမှ နမ်းဆောင်း - လက်ပံပင်  - အောင်လယ်ထိ မြေသား လမ်းတိုးချဲ့ရန်။ (၃) မိုင်ခန့် လွှတ်တော်
၂၄ နောင်တရား လုံးပိုး အ.လ.က(ခွဲ)ကျောင်း စက်ရေတွင်း
(အ၀ီစိ)တူးရန် လွှတ်တော် ရေလှောင်ကန်ရှိ ပြီး
၂၅ နောင်တရား ပေါယား ပေါယား - ထီရွေးရွာထိ မြေသားလမ်း
တိုးချဲ့ရန်။ (၂) မိုင် (၅) ဖာလုံ လွှတ်တော်
၂၆ နောင်တရား နောင်ပီ ပဆျားမွူးရွာ ရေလှောင်ကန် တည်ဆောက် ရန်။ ဂါလံ (၂၀၀၀၀)ဆံ့ လွှတ်တော်
၂၇ နောင်တရား ပင်မွန်း ၀ါးပြုံး - မြေတိုင် - ပင်လောင်း - တုန်ဟုန် ကတ္တရာလမ်းပေါ်ထိ မြေသားလမ်း ချဲ့ထွင် ရန်။ (၂) မိုင် (၄)ဖာလုံခန့် လွှတ်တော်
၂၈ နောင်တရား မြောက်ထီဗွာ ပေါ့အင် - လဲလောင်း - ဒင်ရွဲရွာထိ မြေသား
လမ်းမှ သဲဗြုန်းလမ်းခင်းရန်။ (၃) မိုင် (၇) ဖာလုံ လွှတ်တော်
၂၉ နောင်တရား မင်းဘူး ပင်လောင်း-မင်းဘူးရွာလမ်းမကြီးမှ လင်တီး ရွာထိ လမ်းချဲ့ရန် (၂) မိုင်ခန့် လွှတ်တော်
၃၀ နောင်တရား နမ်းပုလင်း ပင်ခါ - ငိုလှရွာထိ မြေလမ်းချဲ့ထွင်ရန် လွှတ်တော်

သို့သော် ဇူလိုင်လ(၁၇)ရက်နေ့(တနင်္လာနေ့) လွှတ်တော်ဘတ်ဂျက် ကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီစစ်ရေး/ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ အပြန်အလှန်ညှိနှိုင်းဆုံးဖြတ်ခဲ့ကြရာ

၁။ ဈေးတန်းရပ်ကွက်နှင့် ရုံးဝင်းရပ်ကွက်အတွင်းရှိ - အ.မ.က(၃)လမ်းနှင့် တောင်ပေါ်ပတ်လမ်းအားပြုပြင်ခြင်း။
၂။ မင်္ဂလာကွက်သစ်ရပ်ကွက်အတွင်းရှိ - နမ်းဟူးကျောင်းသွားပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်း။
၃။ ဘန်းဖယ်ရပ်ကွက်အတွင်းရှိ - ကံ့ကော်လမ်းနှင့် ပဒုမ္မာလမ်းအား ကွန်ကရစ်ခင်းခြင်း။
၎။ ကံသာဦးရပ်ကွက်အတွင်းရှိ - မီးသတ်ရုံးရှေ့ ရေပြွန်ပြုလုပ်ခြင်း၊ မီးသတ်ရေကန်(၁/၂)ပြုပြခြင်းနှင့် နန်းလောဝ်လုံရေကန်အား ပြုပြင်ခြင်း။
၅။ အနောက်ရပ်ကွက်အတွင်းရှိ - အ.ထ.က (၂) ရေသန့်စက်ပြုပြင်ခြင်း။
၆။ တဝီမွူး(ရင်းမှီး)ရပ်ကွက်အတွင်းရှိ - အ.ထ.က(ခွဲ)ရေလှောင်ကန်ပြုပြင်ခြင်း။
၇။ နောင်တရား ရပ်ကွက်(၁)အတွင်းရှိ - နှင်းဆီလမ်းပေါ်ရှိ တံတား(၂)စင်းအား ကွန်ကရစ်တံတားအဖြစ်တည်ဆောက်ခြင်း။
၈။ နောင်တရား ရပ်ကွက်(၂)အတွင်းရှိ - နောင်ယဉ်ကန်တံတားအာ ကွန်ကရစ်တံတားအဖြစ်တည်ဆောက်ခြင်း။
၉။ သပြေကုန်းကျေးရွာအုပ်စုအတွင်းရှိ - ရွာကြီးရွာ အဝီစိတွင်းတူးခြင်း။
၁၀။ တောင်ထီဗွာကျေးရွာအုပ်စုအတွင်းရှိ - သေင်းတောင်ဒိန် - ပင်ကြိုင်လမ်းအတက်ကြမ်းသည့်နေရာ ကွန်ကရစ်ခင်းခြင်း။
၁၁။ စင်းတောင်းကျေးရွာအုပ်စုအတွင်းရှိ - အ.ထ.က(တင်းထက်)အတွက် စာသင်ခုံများပံ့ပိုးခြင်း။
၁၂။ ဘန့်ဘာကျေးရွာအုပ်စုအတွင်းရှိ - ဝါးရန် - ရေအေးလမ်း မြေသားချဲ့ခြင်း။
၁၃။ လိန်းညားကျေးရွာအုပ်စုအတွင်းရှိ - ဟမ်းသဲင် - လိန်းညား မြေသားလမ်းအား သဲဗြုန်းခင်းခြင်း။
၁၄။ နမ်းတုတ်ကျေးရွာအုပ်စုအတွင်းရှိ - ပင်စုံ - လွယ်ဖြွီး မြေသားလမ်းအား သဲဗြုန်းခင်းခြင်း။
၁၅။ လုံးပျဉ်ကျေးရွာအုပ်စုအတွင်းရှိ - လုံးပျဉ် - နမ်းနိန်း မြေသားလမ်းချဲ့ခြင်း။
၁၆။ ပင်လောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ - ဂါလံ(၅၀၀၀)ဆံ့ ရေလှောင်ကန်တည်ဆောက်ခြင်း။
၁၇။ ထီဖောင်းကျေးရွာအုပ်စုအတွင်းရှိ - ပင်တပြေရွာအဝင် မြေသားလမ်းချဲ့ခြခြင်း။
၁၈။ ဘန်းပြင်ကျေးရွာအုပ်စုအတွင်းရှိ - ထီရီး - ကံ့ကော်ပင် - ပင်စိမ်းစု မြေသားလမ်းမှ သဲဗြုန်းခင်းခြင်း။
၁၉။ မြင်းတွင်းကျေးရွာအုပ်စုအတွင်းရှိ - အ.လ.က(လက်ပံပင်) စာသင်ခုံများ ပံ့ပိုးခြင်း။
၂၀။ ဘုရားဖြူကျေးရွာအုပ်စုအတွင်းရှိ - ပြည်ထောင်စုလမ်းမမှ နမ်းဆောင်း - လက်ပံပင် - အောင်လယ် မြေသားလမ်းချဲ့ခြင်း။
၂၁။ လုံးပိုးကျေးရွာအုပ်စုအတွင်းရှိ - အ.လ.က(ခွဲ)ကျောင်း စက်ရေတွင်း(အဝီစိ)တူးဖော်ခြင်း။
၂၂။ နောင်ပီကျေးရွာအုပ်စုအတွင်းရှိ - ပဆျားမွူးရွာ ရေလှောင်ကန်တည်ဆောက်ခြင်း။
၂၃။ ပင်မွန်းကျေးရွာအုပ်စုအတွင်းရှိ - ဝါးပြုံး - မြေတိုင် - ပင်လောင်း - တုန်ဟုန်းလမ်းပေါ်အထိ မြေသားလမ်းချဲ့ခြင်း။
၂၄။ မင်းဘူးကျေးရွာအုပ်စုအတွင်းရှိ - ပင်လောင်း - မင်းဘူးလမ်းမကြီးမှ လင်တီးရွာ(ပင်လောင်းမြို့ရေသွယ်သည့်နေရာ)အထိ လမ်းချဲ့ခြင်း။
၂၅။ နမ်းပုလင်းကျေးရွာအုပ်စုအတွင်းရှိ - ပင်ခါ - ငိုလ အထိမြေသားလမ်းချဲ့ခြင်း။
စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို (၂၀၁၇-၁၈)လွှတ်တော်ရံပုံငွေဖြင့် အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ယခု ဘဏ္ဍာနှစ် တွင် လိုအပ်ချက်များပြားခြင်းကြောင့် ဘဏ္ဍာငွေများကို အညီအမျှခွဲဝေပေးနိုင်ရန် အခက်အခဲများစွာရှိ၍ ရံပုံငွေမရရှိသေးသည့် ရပ်ကွက်များ၊ ကျေးရွာအုပ်စုများမှ မိမိတို့ကိုနားလည်ပေးစေလိုကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းရှိသည့် ကျေးရွာအုပ်စုများ၊ ရပ်ကွက်များအတွက် နှောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပင်လောင်း မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြားခွန်မောင်သောင်းမှ ပြောကြားခဲ့ပါသည်။ ထို့အပြင် “လွန်ခဲ့သောလက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြောက်ထီဗွာကျေးရွာအုပ်စုအတွင်းရှိ ကောင်ထို - ထီယွန်းလမ်းပေါ်တွင် မကြာမီကာလကပြုပြင်ထားသော တောင်နံရံများ ပြိုကျမှု ကြောင့် ဒေသခံများသွားလာရေးအခက်အခဲဖြစ်နေပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းမှ အဆိုပါလမ်း ကို သဘာဝဘေးရံပုံငွေထဲတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း ဖြေကြားပေးသည့်အတွက် ဒေသခံများကိုယ်စားများစွာ ကျေးဇူးတင်ပါကြောင်း” အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်လာသော မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထိုရွာမှ ခွန်ဇင်မင်းဦးကပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီး ထို့ဆုံးဖြတ်ချက်များပေါ်မူတည်၍ နယ်မြေအခြေအနေများကို သိရှိနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်း၍ ကွင်းဆင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,

Powered by Blogger.