Thursday, July 20, 2017

အာဇာနည်နေ့တွင် ပအိုဝ်းမျိုးသားခေါင်းဆောင်အား တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသားမောင်/မယ်များ လာရောက်ဂါရဝပြု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်



၁၉-၇-၂၀၁၇ အာဇာနည်နေ့တွင် တောင်ကြီးနည်းပညာတက္ကသိုလ် ပအိုဝ်းကျောင်းသား မောင်/မယ်များက ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြစ်သော ဖြားတန်စင်ဖါအောင်ခမ်းထီအား လာရောက်ဂါရဝပြုခဲ့ကြောင်း သိရှိရပါသည်။

နည်းပညာတက္ကသိုလ်ကျောင်းသား မောင်/မယ်များသည် (၁၁း၀၀) နာရီအချိန်တွင် ကျောက်တလုံးကြီးမြို့ ဖြားတန်စင်ဖါအောင်ခမ်းထီ အိမ်သို့ရောက်ရှိလာပြီး ကျောင်းသား မောင်/မယ်များ အားလုံး(၆၆)ယောက် ကျောင်းသား (၄၆)ယောက် ၊ ကျောင်းသူ(၁၇)ယောက်ပါရှိကြောင်းသိရသည်။

ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီနေအိမ်သို့ ရောက်ရှိသောအခါ ကျောင်းသား မောင်/မယ်များကန်တော့ကြရာ ဖြားတန်စင်ဖါအောင်ခမ်းထီမှ အမှာစကား သြဝါဒများ ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် ပအိုဝ်းကျောင်းသား မောင်/မယ်များအနေဖြင့် မိမိတို့ကျောင်းပိတ်ချိန် ကျောင်းပြီးသွားသောအခါ မိမိ၏ရပ်ရွာဒေသများ၌ကျောင်းဆရာ/ဆရာမများ စေတနာဝန်ထမ်းများလုပ်ဆောင်သင့်ကြောင်းနှင့် မျိုးချစ်စိတ်ဓါတ်များရှိသင့်ကြောင်း စသည့်အကြောင်းအရာများပါရှိကြောင်း သိရှိရပါသည်။

ကျောင်းသား မောင်/မယ်များ လာရောက်ဂါရဝပြုရခြင်းနှင့် ပတ်သက်၍ ဒီကနေ့ မြန်မာနိုင်ငံ အာဇာနည်နေ့တွင် မိမိတို့အနေဖြင့် ပအိုဝ်းတစ်မျိုးသားလုံးအပေါ် အမြင်ကျယ်သော ဖြားတန်စင်ဖါအောင်ခမ်းထီကို ဂုဏ်ယူအသိအမှတ်ပြုလိုသောကြောင့် လာရောက်ကန်တော့ရခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ်ကျောင်းသားခေါင်းဆောင် ခွန်ဖိုးလွန်းက ပြောပါသည်။

ခွန်ထွန်းလွင် 
Powered by Blogger.