Wednesday, July 26, 2017

ဟိုပုံးမြို့၊ ဂရုဏာရှင်ကုသိုလ်ဖြစ်ဆေးခန်းတွင် လူနာ (၃၄၇) ဦးလာရောက်ကုသ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဂရုဏာရှင်ဆေးခန်းတွင် ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်အထိ လူနာစုစုပေါင်း(၃၄၇) ဦးလာရောက်ကုသပြီး တစ်လလျှင်ပျမ်းမျှလူနာ (၅၇) ဦးလာရောက်ကုသခဲ့ပါသည်။ လူနာအများစုသည် သွေးတိုး၊ ဆီးချိုရောဂါများကို အများဆုံးဖြစ်ကြောင်းသိရပါသည်။

ယခုလိုကုသိုလ်ဖြစ်ဆေးခန်းဖွင့်ရခြင်းဖြင့် ကျန်းမားရေး စောင့်ရှောက်မှုကို ပိုမိုပြုလုပ်ပေးနိုင်ပြီး ကျန်းမာရေးသည် လူတိုင်းအတွက် အဓိကကျသောကိစ္စတစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့များသည် ဟိုပုံးဈေးလွန်(၁)ရက်နေ့၊ (၂)ရက်နေ့နှင့် ဈေးအဖိတ်နေ့တွင် မိဘပြည်သူများအတွက် ချောင်းဆိုး၊ မူးမော၊ အစားပျက်နှင့် အားနည်းရောဂါ စသည့်ရောဂါများကို ကုသပေးပြီး လိုအပ်ရင် ဟိုပုံးပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးသည်ဟု ဟိုပုံးမြို့ ကရုဏာရှင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းလွင်၏ ပြောပြချက်အရသိရှိရပါသည်။

ထို့ပြင် ရန်ကုန်သမားတော် အထွေအထွေအထူးကု ဆရာဦးသက်ဝင်းက တစ်လတစ်ကြိမ်လာရောက်ကုသပေးပြီး ဇူလိုင်လ(၂၆)ရက်နေ့တွင် ရောဂါလာပြသည့်လူနာ(၄၀)ဦးရှိကာ ဆီးချိုနှင့် သွေးတိုးရောဂါအများဆုံးဖြစ်ကြောင်းသိရသည်။ မန္တလေးနှလုံးအထူးကု ဆရာခွန်စိုးမိုးကျော်ကလည်း နှစ်လ(၁)ကြိမ် လာရောက်ကုသပေးရာ ပြီးခဲ့သည့်လက နှလုံးရောဂါရှိလူနာ (၈) ဦးလာရောက်ကုသခဲ့ပါသည်။ ဂရုဏာရှင်ဆေးခန်းသည် ၂၀၁၃ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ပြီး ငွေကြေးအဆင်မပြေသည့်သူနှင့် လူနာများအခက်အခဲမရှိစေရန်၊ လူနာတွေစိတ်ချမ်းသာစေရန် ကုသပေးပြီး ဆေးရုံနှင့် ချိတ်ဆက်ပို့ဆောင်ပေးခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ကျေးလက်ဒေသပွဲများရှိနေသော်လည်း အကူအညီတောင်းလာခဲ့ခြင်းဖြင့် ဘယ်အရပ်ဒေသကိုမဆို ကုသိုလ်ဖြစ်ဆေးခန်း သွားရောက်ဖွင့်ပေးမည် ဖြစ်ကြောင်း၊ ဆက်သွယ်အကူအညီတောင်းနိုင်သော ဖုန်းနံပါတ်များသည် ဟိုပုံးမြို့ ကရုဏာရှင်အဖွဲ့ ဥက္ကဌ ဦးကျော်ရှိန် ဖုန်း-၀၉၄၂၈၃၄၁၄၃၅၊ အတွင်းရေးမှူး ဦးအောင်ဆန်းလွင် ၀၉၄၂၈၃၃၁၇၀၄နှင့် ရုံးဖုန်း-၀၈၁၄၆၄၆၁ ထံသို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်ခွန်
Powered by Blogger.