Tuesday, July 11, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်





၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့နှင့် ဇူလိုင်လ (၄) ရက် (၅) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ တုတ်စောက်ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ်းယမ်းဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ဒေသခံမိဘပြည်သူများအား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိပုဂ္ဂိုလ်များက အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါဟောပြောပွဲသို့ သူရိယခမ်း ခမ်းဗွေး ဖြားခွန်ချစ်အိန်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုအလုပ်အမှုဆောင် ဖြားခွန်ချွန်း၊ လေမော်တန် ဝေင်နယ်း - ဥက္ကဋ္ဌ ဖြားခွန်အောင်သုခ၊ ဒု- ဥက္ကဋ္ဌ ဖြားခွန်ကွံ၊ စည်းရုံးရေးမှူး ဖြားခွန်ခက်၊ တွဲဖက်စည်းရုံးရေးမှူး ဖြားခွန်အောင်းနွောင်၊ မြို့နယ်အမှုဆောင် ဖြားခွန်အောင်သာ တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေး၊ စည်းလုံးညီညွှတ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်အစိုးရ၀န်ထမ်းတွင် ၀င်ရောက်တာဝန် ထမ်းဆောင်ရေး ၊ လူတိုင်းယာဉ်မောင်းလိုင်စင်များ ပြုလုပ်နိုင်ရေး စသည့်အကြောင်းအရာများကို ဟောပြောပေးခဲ့ကြပါသည်။ လေမော်တန်ဝေင်နယ်း ကော်မတီအဖွဲ့ ဦးစီးကျင်းပပြုလုပ်သော ဒေသခံမိဘပြည်သူများအား အသိပညာပေးဟောပြောပွဲ နေရာတိုင်းတွင် ဒေသခံမိဘပြည်သူများ (၂၀၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းဟောဝ်ရက်
Powered by Blogger.