Tuesday, August 1, 2017

“တောရွာနေ လူတန်းစားတွေက ရုံးကို ကြောက်တယ်၊ ဌာနဆိုင်ရာရုံးကို သွားရင် အဆူခံရမယ်၊ အငေါက်ခံမယ်ဆိုတဲ့ အသိစိတ်တွေကြောင့် ယာဉ်မောင်းလိုင်စင် မလုပ်ကြတာဖြစ်မယ်။ အဲ့ဒါကို ကျွန်မတို့က တဖြေးဖြေးပယ်ဖျောက်သွားရမယ်။ ရုံးလာရင် ပိုက်ဆံလည်း မကုန်ဘူး၊ ရုံးလာရင် အဆင်ပြေတယ်ဆိုတာ သိရှိအောင် များများကွင်းဆင်းမယ်၊ ပြောမယ်၊ ယုံကြည်အောင်လုပ်ရမယ်၊ အဲလို သူတို့ အမြင်ရှင်းသွားရင် ရုံးကိုအားကိုးချင်စိတ်ရှိလာမယ်၊ အဲ့ခါကျရင် သူတို့လိုင်စင်တွေ လာလုပ်ကြမယ်လို့ ကျမထင်ပါတယ်။” လို့ဆိုတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(တောင်ကြီး)မှ ဦးစီးအရာရှိ ဒေါ်သန္တာနှင့် တွေ့ဆုံမေးမြန်းခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁) ရက်





မေး - မင်္ဂလာပါ..ဆရာမ ရာထူးနဲ့အမည်ကို သိပါရစေ။
ဖြေ - ကျွန်မနာမည် ဒေါ်သန္တာပါ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန ရှမ်းပြည်နယ်ရုံး တောင်ကြီးက ဦးစီးအရာရှိ ဖြစ်ပါတယ်ရှင့်။

မေး - ဆရာမတို့အနေနဲ့ ဒီကွင်းဆင်းလုပ်ဆောင်နေတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလားဗျ။
ဖြေ - ကျွန်မတိုဌာနဆိုလိုရှိရင် အဓိကရည်မှန်းချက်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဖြစ်တဲ့အတွက် ကျွန်မတို့ဟာ ယာဉ်မောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးကို အဓိကထားတယ်။ နောက်ပြီးတော့ အသက်(၁၈)နှစ် ပြည့်ပြီးတော့ ဆိုင်ကယ်မောင်းသူ၊ ယာဉ်မောင်းသူတွေကို လိုင်စင်ရှိစေချင်တယ် အဲ့ဒါကလည်း ရည်ရွယ်ချက်ထဲပါပါတယ်။ စည်းမဲ့ကမ်းမဲ့လည်း မဖြစ်စေချင်ဘူး။ အများဆိုင်ရာ လမ်းပေါ် သွားနေတာဖြစ်တဲ့အတွက် စည်းကမ်းစနစ်တကျ ဖြစ်စေချင်တယ်။

မေး - ဆရာမတို့အနေနဲ့ ဒီလိုကွင်းဆင်းလုပ်ပေးတာ ဘယ်ယာဉ်မောင်းလိုင်စင် အမျိုးအစားလဲဗျ။
ဖြေ - အခုကျွန်မတို့ လာရောက်လုပ်ဆောင်ပေးတဲ့လိုင်စင်က (က)လိုင်စင်ဖြစ်တယ် မော်တော်ဆိုင်ကယ် မောင်းသူအတွက် ဖြစ်ပါတယ်။

မေး - ကျန်တဲ့ ယာဉ်မောင်းလိုင်စင်ကိုကျတော့ ဘာလို့မလုပ်ပေးတာလဲဗျ။
ဖြေ - ကျန်တဲ့(ခ) ယာဉ်မောင်းလိုင်စင်ကျတော့ ကျွန်မတို့ဟာ ရုံးမှာကွန်ပျူတာနဲ့ စစ်ဆေးတဲ့စနစ်ဖြစ်တယ်။ နောက်ယာဉ်မောင်းကိုလဲ လက်တွေ့စစ်ရတော့ ကွင်းအနေအထား ဆိုက်ကပ်စစ်ဆေးတာတို့ ပတ်မောင်း စစ်တာတို့က ဟိုမှာပဲ သေချာစနစ်တကျ လုပ်ထားတယ်။ အဲ့တွက်ဒီမှာ ကွင်းဆင်းဖို့ အဆင်မပြေဘူး၊ မပြေတဲ့အတွက် (ခ)(င)(ဃ)လိုင်စင်တို့ကျတော့ ရုံးမှာပဲ စစ်ဆေးလုပ်ပေးပါတယ်။

မေး - ယာဉ်မောင်းလိုင်စင်မှာ (က)ကနေ(င)ထိရှိတယ်လို့ကြားတယ်။ အဲတော့ သူတို့ထိကွာခြားချက် ရှင်းပေးလို့ ရမလားဗျ။
ဖြေ - (က)ယာဉ်မောင်းလိုင်စင်ဆိုတာ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်ဖြစ်တယ်။ နောက်(ခ) ကျတော့  အမောင်းသင်(၃)လ သက်တမ်းရှိရမယ် အသက်(၁၈)နှစ်ပြည့်ရမယ် အဲ့ဒီတော့မှ (ခ) ယာဉ်မောင်း လိုင်စင်ဆိုတာ ကူးပြောင်းနိုင်တယ် (ခ) ယာဉ်မောင်းလိုင်စင်ဆိုတာ  နံပတ်အနက်ရောင် (၃)တန်အထိ တင်ဆောင်နိုင်တဲ့ နံပတ်အနက်ရောင် ကိုယ်ပိုင်ယာဉ် အားလုံးမောင်းနိုင်သည်။ နောက်(ဂ)ဆိုတာကတော့ ဒါက ကျွန်မတို့ ယန္တရားမောင်းတဲ့လိုင်စင်ဖြစ်တယ်။ (ဃ) ဆိုတာကတော့Taxi ယာဉ်လေးတွေမောင်းတာ ဟို(AA),(BB),နောက်ပြီးတော့မှ (၃)တန်အောက် နံပတ်အနက် ခရီးသည်ကို တင်တဲ့ယာဉ် အငယ်စားပေါ့ အလတ်စားပေါ့ အဲ့ဒါတွေ မောင်းနိုင်တယ်။ (င)ယာဉ်မောင်းလိုင်စင်ဆိုတာက အမြင့်ဆုံးဘဲ၊ ဒီ(ခ) ယာဉ်မောင်းလိုင်စင် သက်တမ်း(၅)နှစ် ဒါမှမဟုတ် နံပတ်အနက်မောင်းနိုင်တဲ့ လိုင်စင်(၅)နှစ်ရှိရမယ်။ နောက်တခါ Taxi ယာဉ်မောင်းတဲ့ အညိုရောင်နံပတ်ဆိုတာ (ဃ) (၂)နှစ် ရှိရမယ်။  အဲ့ဒါဆို (င)ယာဉ်မောင်းလိုင်စင်ကို ကူးပြောင်းလို့ရမယ်။ အမှန်တော့ သက်တမ်း နှစ်ခုပေါင်းရင်(၅)နှစ်ပေါ့ (ခ) ဆိုလဲ (၅)နှစ်ပြည့်တဲ့ စာအုပ်ဆို (င) ယာဉ်မောင်းလိုင်စင် ကူးပြောင်းနိုင်တယ်။ (င) ယာဉ်မောင်း လိုင်စင် ကျတော့ မှတ်ပုံတင်ထားတဲ့ ဘယ်ယာဉ်ကိုမဆို မောင်းလို့ရတယ်။ သူကတော့ အမြင့်ဆုံးပါ။

မေး - ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးတဲ့သူကိုလည်း သက်တမ်းတိုးပေးလား၊ ဘယ်လောက် ကုန်ကျလဲ။
 ဖြေ - သက်တမ်းတိုးတာလည်းပါတယ်။ သက်တမ်းတိုးတာကျတော့ ကုန်ဆုံးသွားတအဲ့ပေါ်မှုတည်တယ် လပေါ်မှုတည်တယ်။ တကယ်လို့(၇) လပိုင်း ကုန်းဆုံးတဲ့မော်တော်ယာဉ်တို့ မော်တော်ကားတို့ဆို ဒဏ်ကြေးမမိပါဘူး။ နှုန်းထားကတော့ ကားငယ်ဆိုလိုရှိရင် ယာဉ်စစ်ဆေးခ(၅၀၀၀)၊ ကားမှတ်ပုံတင်ကြေးက တစ်နှစ်ကို(၁) သောင်း (၂) နှစ်သွင်းရတဲ့ကားတွေလဲရှိတယ် အဲ့ဒါကျတော့ မှတ်ပုံတင်ကြေး(၂) သောင်း ဖြစ်မယ်။ ကားကြီးဆိုလိုရှိရင် မှတ်ပုံတင်းကြေးက(၃)သောင်း၊ ယာဉ်စစ်ဆေးခ က(၁) သောင်းရှိတယ်။ အဲ့လိုမျိုးပေါ့ အမျိုးအစား မတူတော့ ပုံသေမရှိဘူး။ လိုင်စင်ကြေးက သတ်မှတ်ပြီးသားပါ။

မေး - ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်တာကျတော့ ဘယ်လောက်ကုန်သလဲ။
ဖြေ - ဆိုင်ကယ်မောင်းလိုင်စင်က ကျွန်မတို့ရုံးမှာဆိုရင် ဖြေဆိုတဲ့အပါဆို(၄၅၀၀) ဒါပေမဲ့ (၄၀၀၀) ဘဲ ကျပါတယ်။ (၅၀၀)ကတော့ စာအုပ်ဖိုးဆိုပေမဲ့ ဝယ်ချင်တဲ့လူမှ ကျွန်မတို့ရောင်းပေးတာ အတင်းမရောင်းဘူး။ အဲ့ဒီကျတော့ ကျွန်မတို့က ဆိုင်ကယ်မောင်းလိုင်စင်သည်(၄၀၀၀)ဖြစ်သည်။ နောက်ပြီးတော့ ကျွန်မတို့နဲ့ပူးပေါင်းတဲ့ဌာနက အာမခံဌာန ဖြစ်တယ်။ အဲ့ဒီအာမခံဌာနကျတော့ အာမခံကြေးက(၄၅၀၀) ဖြစ်ပါတယ်။ (၅) နှစ်စာပေါ့ ကျွန်မတို့ရုံးက(၄၅၀၀) ဆိုတော့ စုပေါင်း(၉၀၀၀)ပေါ့။

မေး -  ဒီ၂၀၁၇ခုနှစ်မှာ ကွင်းဆင်းလုပ်ပေးတာ ဘယ်နှစ်နေရာရှိပြီလဲ။
ဖြေ - ဒီ၂၀၁၇ ခုနှစ်အတွင်း ကျွန်မတို့ပြောင်းလာတာ (၂) လဘဲရှိသေးတဲ့အတွက် ကျွန်မပြောင်းလာတဲ့ ကာလမှာ PNO အကူအညီနဲ့ နောင်ကားကျေးရွာမှာ ကျွန်မတို့ဆောင်ရွက်ပေးခဲ့တယ်။ အဲမှာမော်တော်ဆိုင် ကယ်မောင်းလိုင်စင် (၃၀၉)စောင် လုပ်ပေးခဲ့တယ်။ ခုဒုတိယအကြိမ် ကျောက်တလုံးကျေးရွာမှာ လာရောက်ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်လ နောက်လတွေမှာလဲ ကျွန်မတို့လာခေါ်မယ်၊ ကျွန်မတို့ရုံးကို ဆက်သွယ်ပြီးခါမှ ဘယ်ရွာမှာ လုပ်ပေးပါ ဘယ်မြို့မှာလုပ်ပေးပါဆိုလိုရှိရင် ဆက်သွယ်လာမယ်ဆိုရင် ကျွန်မတို့က လုပ်ပေးဖို့ ရှိပါတယ်ရှင့်။

မေး - ဆရာမတို့အနေနဲ့ ဆက်ပြီးတော့ ကွင်းဆင်းလုပ်ပေးမဲ့ နေရာတွေ ရှိပါသလားဗျ။
ဖြေ - တစ်နှစ်အတွင်းမှာ ကျွန်မတို့ ဘယ်လ ဘယ်မြို့ကို သွားမယ် စီမံချက်ကို ရုံးချုပ်ကို ကျွန်မတို့ရဲ့ဦးစီးဌာန ရုံးချုပ်ကို တင်ရပါတယ်။ တင်တဲ့အခါမှာလဲ ကျွန်မတို့ဟာ ဒီ(၇) လပိုင်းမှာဆိုလိုချင် ကြားဖြတ်ခေါ်တဲ့အနေနဲ့ ကျောက်တလုံးကြီးမြို့ကို လာလုပ်ပေးတယ်။ နောက်(၈) လပိုင်းဆို ညောင်ရွှေမြို့ကို သွားပါမယ်။ (၉) လပိုင်းမှာ ကျွန်မတို့ ဟိုပုံးရှိပါတယ်။ (၁၀) နှင့် (၁၁) လပိုင်းက တန်ဆောင်တိုင်ပွဲ ကာလဖြစ်တဲ့အတွက် ကျွန်မတို့အစီအစဉ်မဆွဲထားဘူး ဒါပေမဲ့ လာခေါ် တဲ့မြို့ရှိလိုရှိရင် ကျွန်မတို့သွားပါမည်။ နောက် (၁၂)လပိုင်းမှာ ကျွန်မတို့ ရပ်စောက်မြို့ကိုသွားပါမယ်ရှင့်။

မေး - တောရွာတွေမှာ ယာဉ်မောင်းလိုင်စင် သိပ်မလုပ်ကြတာတွေ တွေ့ရတယ်၊ အဲတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ - သူတို့ကလေ ဘာလို့ယာဉ်မောင်းလိုင်စင် မလုပ်ကျလဲဆိုတော့ တောရွာနေတဲ့လူတန်းစားက မြို့ပေါ်ကို တခါတလေ မှသူတက်လာလိမ့်မယ်။ တက်လာတဲ့ခါ စစ်ဆေးမှုဆိုတာ မတွေ့ရဘူး သဘောက ကျွန်မတို့မြို့ပေါ်ကလူတွေသိတယ်။ လိုင်စင်မလုပ်ကြရင် အဖမ်းခံရမယ်၊ မော်တော်ပီကယ်စစ်မယ် ဒါမျိုးလေ၊ ဒါမှမဟုတ် ပူးပေါင်းတဲ့အဖွဲ့ စစ်ဆေးရင် လိုင်စင်မရှိရင် ဒဏ်ကြေးအသတ်ခံမယ်။ အရင်တုန်းက ကိစ္စမရှိဘူး။ ဒီဒဏ်ကြေးက(၁) ထောင် (၁၅၀၀)ထက် မပိုဘူး ဒါပေမဲ့ ကျွန်မတို့ ၂၀၁၅ ခုနှစ်မှာပြင်ဆင်လိုက်တဲ့ ဥပဒေ အရဆိုဒဏ်ကြေး (၃)သောင်း လိုင်စင်သက်တမ်းလွန်နေတာတို့ လိုင်စင်မပါဘဲ့ မောင်းနေတာတို့  နည်းတာမဟုတ်ဘူး၊ ဒီငွေက အဲ့ဒီခါကျ ကျွန်မတို့ လိုင်စင်မလုပ်လို့ မရဘူးဆိုတာ မြို့ပေါ်ကလူတွေက သိသွားတယ်။ တောရွာမှာနေတဲ့ လူတွေခါကျတော့ သူတို့က တခါတလေမှ တက်လာလို့ စစ်ဆေးလိုက်တဲ့အခါမှာ အဖမ်းခံရရင် (၃) သောင်းဆိုတာ အဲ့ဒီခါကျမှ သူတို့သိတယ်/ မသိဘူး။ မတက်လာတဲ့သူခါကျတော့ မသိဘူး/မသိနိုင်တော့ ဒဏ်ကြေးဆောင်ရတာ သူတို့မခံစားဖူးဘူး မခံစားရတော့ လိုင်စင်မရှိလဲရတယ်၊ ရွာမှာစီးနေတာပဲ အတွေးလေးက တော်တော်များနေသေးတယ်ရှင့်၊ အဲ့ကြောင့် သူတို့တော်တော်များများ လိုင်စင်မရှိကြဘူး။ အဲ့ဒါမျိုး မဖြစ်အောင် ကျွန်မတို့က ရွာထိဆင်းပေးတယ်။


မေး - ယာဉ်ရှိပြီး ယာဉ်မောင်းလိုင်စင်မရှိသေးသူကို ဆရာမအနေနဲ့ ဘယ်လိုတိုက်တွန်းချင်သလဲ။
ဖြေ - ကျွန်မအနေနဲ့ ခုပြောသလိုဘဲ ကျေးရွာကိုများများဆင်းချင်တယ် ဖိတ်ခေါ်တဲ့သူတွေကိုလဲ လိုလားတယ်။ ဆင်းပြီးတော့မှ ကျွန်မတို့ပြောပြရမယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပြောတယ်ဆိုတာ အဲ့ဒါတွေပါပါတယ်။ ဒီမှာအထူးသဖြင့် ကျေးရွာလူတန်းစားတွေက ရုံးကိုကြောက်ကြတယ်၊ ရုံးတို့ကို မလာချင်ဘူး၊ အဲ့တာမျိုးတွေ ကြောက်စရာမလိုဘူးဆိုတာ ကျွန်မတို့ကိုယ်တိုင်ဆင်းပြီးပြောမှ ကျေးရွာ လူတန်းစားတွေဟာ ငါတို့ရုံးသွားရင် ကူညီပေးမဲ့လူတွေရှိတယ်။ ကြောက်စရာမလိုဘူး၊ ဒီလိုလေးသိမှ များများလာလုပ်ကြမယ်ရှင့်။ အခုအချိန်ထိပေါ့နော် ဒါကတော့ ခေတ်စနစ်တွေ ပြောင်းပါပြီ ဒါပေမဲ့လို့ တစ်ချို့သိနေတာ ငါတို့ရုံးသွားရင် ငါတို့အငေါက်ခံရမယ်၊ ငါတို့ကို မကူညီဘူးလို့ မြင်နေတဲ့ လူတွေက အများကြီးရှိတယ်၊ ဒီလူတွေများများ ရုံးကိုလာရင် အဆင်ပြေသွားအောင်  ငါတို့ ကူညီပေးတယ် ဆိုတာသူတို့သိအောင် ကျွန်မများများလုပ်ရမှာပါ။ တော်တော်ဝေးတဲ့ နေရာမှာဆို  ရုံးတွေကိုကြောက်တယ်။ မလာချင်ကြပါဘူး၊ ပိုက်ဆံပေးရရင်ပေးလိုက်မယ်၊ လုပ်ပေးလိုက် ဒီလိုမျိုး ဘဲရှိတယ်။ အဲ့ဒါကို ကျွန်မတို့က တဖြေးဖြေးပယ်ဖျောက်သွားရမယ်။ ရုံးလာရင် ပိုက်ဆံလည်း မကုန်ဘူး၊ ရုံးလာရင် ငါတို့အဆင်ပြေတယ်ဆိုတာ သိရှိအောင် များများကွင်းဆင်းမယ်၊ ပြောမယ်၊ ယုံကြည်အောင်လုပ်ရမယ်၊ အဲလို သူတို့အမြင်ရှင်းသွားရင် ရုံးကိုအားကိုးချင်စိတ်ရှိလာမယ်၊ အဲ့ခါကျရင် သူတို့လိုင်စင်တွေ လာလုပ်ကြမယ်လို့ ကျမထင်ပါတယ်။

မေး - ဟုတ်ကဲ့ပါ .ဆရာမကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ် ရနိုင်မလာဗျ။
ဖြေ - ကျမဖုန်းက ၀၉-၇၆၅၂၈၀၆၅၅ ပါ။

-  အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
                                                                     
 နဂါ့ခွန်၊ ခွန်နေ၀င်း
(၂၂-၇-၂၀၁၇၊ ကျောက်တလုံးကြီးမြို့)

Powered by Blogger.