Friday, August 11, 2017

တောင်ကြီးမြို့နယ်၊ ကျောက်စုကျေးရွာတွင် မြန်မာဆယ်မာအူး(လ်)အွန်ဒုံ(ကျေးရွာသစ်လှုပ်ရှားမှု) စီမံကိန်း ဖွံ့ဖြိုးရေးလာရောက်ဆောင်ရွက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်




၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့တွင် မြန်မာဆယ်မာအူး (လ်)အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု) စီမံကိန်း (SMUC) ကျောင်းအုပ်ကြီး မစ္စတာဂျောင်ဂတ်ဂျင်းနှင့် တာဝန်ရှိသူတို့က တောင်ကြီးမြို့နယ်၊ ကျောက်စုကျေးရွာ၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖွံ့ဖြိုးရေးအဖွဲ့ဝင်နှင့် ဒေသခံတောင်သူများတွေ့ဆုံကြပြီး စီမံကိန်းဆောင်ရွက်နေဆဲဖြစ်သော လမ်း၊ တံတား၊ မွေးမြူရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

မြန်မာဆယ်မာအူး(လ်)အွန်ဒုံ(ကျေးရွာသစ်လှုပ်ရှားမှု) စီမံကိန်းသည် ကျောက်စုကျေးရွာ၏ လိုအပ်ချက်တင်ပြမှုအရ ၂၀၁၆ ခုနှစ်တွင် ကျောက်ချောလမ်း ပေပေါင်း (၈၇၀၀) ပေ၊ တံတား(၈) စင်း၊ ကျေးရွာခန်းမဆောင် (၅၀%) တို့ကို ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ယခု ၂၀၁၇ ခုနှစ်သည် လယ်ယာကုန်ထုတ်လမ်း ပေ (၂၁၀၀) နှင့် ကျေးရွာခန်းမဆောင်ကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး လာမည့်လမှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပါသည်။

နောက်နှစ်တွင်လည်း ကျောက်စုကျေးရွာတွင် ကျေးရွာလမ်းများ၊ ကျေးရွာခန်းမဆောင် အုတ်တံတိုင်းများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာဆယ်မာအူး (လ်)အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု ) စီမံကိန်းသည် ၂၀၁၅ ခုနှစ်မှစတင်ပြီး ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နယ်တွင် ကျေးရွာ (၅) ရွာ၊ ကလောမြို့နယ်တွင် ကျေးရွာ (၅) ရွာများအတွက် စီမံကိန်းဖွံ့ဖြိုးရေးအကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်းခွန်
Powered by Blogger.