Wednesday, August 2, 2017

ကျောင်းဆောင်သစ် (၁)ဆောင် ဆောက်လုပ်ရန်လိုအပ်သော ရန်ပုံငွေကိုထည့်သွင်း လျာထားသွားမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်


သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆီဆိုင် မဲဆန္ဒနယ် မှ ဦးခွန်သန်းထူး က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သို့မဟုတ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ (RE) တွင်
ထီးအုံစောက်ရွာအတွက် သင့်လျော်သော ကျောင်းဆောင်သစ်တစ်ဆောင် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အလိုက် မူလရန်ပုံငွေလျာထားချက် (BE)တွင် ထီအုံးစောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် ရန်ပုံငွေ
ပါဝင်မှု မရှိသည့်အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ ဖြည့်စွက်ရန်ပုံငွေ (RE)တွင် ထည့်သွင်းတင်ပြ တောင်းခံ၍ မရပါကြောင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားချက်များ ဆောင်ရွက်သည့်အချိန်တွင် အဆိုပါကျောင်းရှိ လက်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး
ကျောင်းဆောင်သစ် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ် အောက်တွင် စိစစ်၍ ထည့်သွင်းလျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား - Pyithu Hluttaw - ပြည်သူ့လွှတ်တော်

Powered by Blogger.