Saturday, August 12, 2017

တောင်ကြီးတက္ကသိုလ်တွင် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်



တက္ကသိုလ်ကျောင်းသူ/သားတို့ ပညာရေးမြှင့်မားပြီး အာကစားစိတ်ဓာတ်ရှိစေရန်၊ ကာယစိတ်ဓာတ် ကြံခိုင်လာစေရန်၊ အားကစားမျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရန်၊ တက္ကသိုလ်ပေါင်စုံပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြင့် တောင်ကြီးတက္ကသိုလ်(၂၅)နှစ်မြောက် တက္ကသိုလ်ငွေရတုနှစ်ပတ်လည်နေ့ အကြိုကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို သြဂုတ်လ (၁၂)ရက်နေ့ တောင်ကြီးတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်က အမှာစကားပြောကြားပြီး တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနှ ပါမောက္ခချုပ် ဒေါက်တာနွယ်နွယ်စန်းက ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကာယဗလမောင်နှင့် ကာယအလှမယ်တို့က အလှည့်ကျမိတ်ဆက်ပြီး တစ်ယောက်ချင်းစီပြိုင် (Ronnd)ခဲ့ကြသည်မက ကျောင်းသူ/သားများလည်း တေးသီချင်းနှင့် အကများကို ဖျော်ဖြေသီဆိုကပြခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကာယဗလမောင်(၁၁)ဦး၊ ကာလအလှမယ်(၂၃)ဦး၊ စုစုပေါင်း(၃၄)ဦး စိတ်ဝင်စားစွာ ဝင်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်းခွန်

Powered by Blogger.