Thursday, August 24, 2017

ကုတင် (၅၀၀)ဆံ့ စ၀်စံထွန်းဆေးရုံတွင် ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအသင်း သွေးလှူဒါန်းပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်





တောင်ကြီးမြို့၊  ကုတင် (၅၀၀) ဆံ့ စ၀်စံထွန်းဆေးရုံတွင်  ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး အသင်းသွေးလှူဒါန်းပွဲကို သြဂုတ်လ (၂၅) ရက်တွင် ပြုလုပ်ကြောင်းသိရသည်။

အဆိုပါပြုလုပ်ပွဲတွင် " တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးသည် ပထမဆုံး အကြိမ်သွေးလှူဒါန်းပွဲပြုလုပ်ခဲ့ပြီး  ဆင်းရဲနွမ်ပါးသူများ၊ သွေးလိုသည့်လူနာများ ၊ ငွေကြေးမတတ်နိုင်သူများ အတွက်ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်ကြောင်း၊ သွေးလှူဒါန်းပွဲတွင် သွေးလှူဒါန်းသည့် ဦးရေ (၁၂၀) ဦး လှူဒါန်းခဲ့ကြောင်း"  ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအသင်း အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားကြောင်းသိရသည်။

ထိုလှူဒါန်းပွဲကို ရှမ်းပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအသင်းမှ ဦးဆောင်ပြုလုပ်ကြောင်းသိရသည်။

ခွန်ယံသေ
Powered by Blogger.