Friday, August 11, 2017

ပါရမီဖွံ့ဖြိုးရေးကွန်ယက် ၊ တွဲလက်စီမံကိန်းမှ လွိုင်လင်မြို့နယ်အတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း နှင့် စီမံကိန်းကျေးရွာများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်


ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိကာဖူလုံရေးရန်ပုံငွေ ( LIFT ) ၏ ထောက်ပံ့မှုဖြင့် " ခိုင်ခံသော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သားရွှေ့ပြောင်းသွားလာမှု၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်း (တွဲလက်) "  စီမံကိန်းသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် တွဲလက်စီမံကိန်း ၊ စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူ နှင့် အဖွဲ့ဝင်များအား လွိုင်လင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ကျောင်းအုပ်ကြီး ဦးခွန်ခင်မောင်သိန်း နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုတွေ့ဆုံဆွေးနွေးရခြင်း ရည်ရွယ်ချက်သည် တွဲလက်စီမံကိန်း၏ လုပ်ငန်းစဉ်တွင် အသက်မွေးဝမ်းကျောင်း မှုဆိုင်ရာသင်တန်းများပါဝင်သောကြောင့်၊ အစိုးရနည်းပညာအထက်တန်းကျောင်းသည်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်များ ပံ့ပိုးပေးနေသောကြောင့်၊ မည်သို့လက်တွဲလုပ်ဆောင်နိုင်မည်ကို သိလိုခြင်းဖြစ်ပါသည်။  ဆက်လက်ပြီး တွဲလက်စီမံကိန်း ၊  စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူမှ ပါရမီဖွံ့ဖြိုးရေးကွန်ယက် သမိုင်းကြောင်းများနှင့် တွဲလက်စီမံကိန်းအကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး ကျောင်းအုပ်ကြီး ဦးခွန်ခင်မောင်သိန်းသည်လည်း သင်တန်းကျောင်းနှင့် စပ်လျဉ်းသော အကြောင်းအရာများ လက်ရှိပံ့ပိုးပေးနေသော သင်တန်းများအကြောင်းကို ရှင်းလင်းပေးခဲ့ပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်းသည် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း၊ အုတ်စီနည်းပညာသင်တန်း၊ လက်သမားသင်တန်း၊ လယ်ယာသုံးစက်ကိရိယာပြုပြင်ခြင်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ခြင်း၊ အခြေခံကွန်ပျူတာပညာရပ်သင်တန်း၊ Autocad သင်တန်း၊ ဂဟေဇော်/ ခဲဇော်သင်တန်းများ ပံ့ပိုးပေးနေကြောင့်နှင့် သင်တန်းတစ်ခုချင်းစီတွင် သင်တန်းကာလ (၁) လ နှင့် သင်တန်းဦးရေ (၃၀) ဦး လက်ခံရရှိသည်ဖြစ်ကြောင်း သိရှိရပါသည်။ ကျောင်းအုပ်ကြီး ဦးခွန်ခင်မောင်သိန်း သည်လည်း တွဲလက်စီမံကိန်း၏ လုပ်ငန်းစဉ်များအား စိတ်ဝင်စားကြောင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ပူးတွဲလုပ်ဆောင်ရန် သဘောတူပြီး မည်သို့လက်တွဲလုပ်ဆောင်သွားမည်ကို နောက်တစ်ကြိမ် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ပြောကြားခဲ့ပါသည်။

ထို့နောက် တွဲလက်စီမံကိန်းမှ စီမံကိန်းမန်နေဂျာ နန်းသင်းသင်းဖြူ နှင့် အဖွဲ့ဝင်များအား စီမံကိန်းကျေးရွာများဖြစ်သော ဟဲနန်းကျေးရွာအုပ်စု၊ ပန်ခုတ်ကျေးရွာ နှင့် ဆဟောင်းကျေးရွာအုပ်စု၊  ကောင်းပုံကျေးရွာသို့  သြဂုတ်လ (၅) ရက်မှ (၆) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးပြီး ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့ရာ စီမံကိန်းကျေးရွာများသည် စိုက်ပျိုးရေးနည်းပညာများ ၊ မျိုးစေ့ပျိုးပင်များ၊ ဒေသနှင့်ကိုက်ညီသော ဘိန်းအစားထိုးသီးနှံများ ပိုမိုလိုအပ်ကြောင်းသိရှိရပါသည်။ ဆဟောင်းကျေးရွာအုပ်စု၊ ကောင်းပုံကျေးရွာသည်လည်း မူလွန်ကျောင်းဆောင်များ မြှင့်တင်ပေးနိုင်ရန် ရပ်မိရပ်ဖများမှ တင်ပြလာပါသည်။ တွဲလက်စီမံကိန်းမှ ကွင်းဆင်းခဲ့သော ကျေးရွာသည် လှုမှုရေးအဖွဲ့အစည်းများ ၀င်ရောက်မှုနည်းပါးခြင်းနှင့် လှုမှုရေးအဖွဲ့အစည်းများအနေဖြင့် ပိုမိုဝင်ရောက်နိုင်ရန် ရပ်မိရပ်ဖများမှ မျှော်လင့်နေပါကြောင်း သတင်းရရှိပါသည်။

ခွန်လေအိုး
Powered by Blogger.