Tuesday, August 15, 2017

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ တက္ကသိုလ်အထူးပြုဘာသာရပ် (Major) မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် ဟောပြောပွဲပြုလုပ်သွားမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၅ )ရက်



လာမည့် သြဂုတ်လ (၁၉) ရက် ၊ စနေနေ့၊ နေ့လည် (၁း၀၀) အချိန်တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ခန်းမ၌  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးဆောင်ပြီး ၂၀၁၆ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား တက္ကသိုလ်တက်ရန်အတွက် အထူးပြုဘာသာရပ် (Major) ရွေးချယ်မှုနည်းလမ်းများကို သိရှိလာနိုင်စေရန်နှင့် မှန်ကန်စွာရွေးချယ်နိုင်စေရန်အတွက် ဟောပြောပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုဟောပြောပွဲပြုလုပ်ရခြင်းသည် တက္ကသိုလ်တက်ရန် အထူးပြုဘာသာရပ် (Major) ရွေးချယ်မှုနည်းလမ်းများကို ရှင်းရှင်းလင်းလင်းသိရှိလာစေရန်နှင့် မှန်ကန်စွာရွေးချယ်နိုင်စေရန် ၊ မိမိရွေးချယ်သည့် အထူးပြုဘာသာရပ် (Major)သည် မိမိဝါဿနာနှင့် ကိုက်ညီမှုရှိစေရန်၊ မိမိဘ၀အတွက် တိကျသောရည်မှန်းချက်၊ ပန်းတိုင်ချမှတ်နိုင်စေရန်အတွက် ဟောပြောပေးသွားမည်ဖြစ်ကြောင်း၊ ဟောပြောပွဲဖြစ်မြောက်ရန် တာဝန်ယူသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ဗဟိုဌာနချုပ်ရုံး ၊ ပြည်သူ့ဆက်ဆံရေးဌာနထံမှ သိရှိရပါသည်။

အဆိုပါဟောပြောပွဲဟောပြောပေးမည့်ပုဂ္ဂိုလ်များမှာ ဒေါက်တာဒေါ်ခင်လေးရီ (တွဲဖက်ပါမောက္ခ၊ သမိုင်းဌာန၊ တောင်ကြီးတက္ကသိုလ်) ၊ ဒေါ်ခင်မျိုးမျိုး (ကထိက၊ ပထ၀ီဝင်ဌာန၊ တောင်ကြီးတက္ကသိုလ်၊)၊ ဦးခွန်စောဏထွန်း (သရုပ်ပြ၊ Demonstrator၊ ဘူမိဗေဒဌာန၊ တောင်ကြီးတက္ကသိုလ်) ၊ ဒေါ်နန်းသန်းသန်းဌေး ( Electronic and communication နည်းပညာတက္ကသိုလ် (တောင်ကြီး) )၊ ဒေါ်နန်းသန္တာအေး (Information Technology နည်းပညာတက္ကသိုလ်(တောင်ကြီး )) ဆရာ/မတို့က ဟောပြောပေးသွားမည်ဖြစ်ကြောင်း၊ ထိုဟောပြောပွဲကို ကျောင်းသား/သူသော်လည်းကောင်း၊ ကျောင်းသားမိဘများသော်လည်းကောင်း၊ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.