Wednesday, August 2, 2017

PNOနှင့် PNA ပူးပေါင်း၍ ချိန်ခါမှီလုံးကောင်ပရဟိတဘုန်းကြီးကျောင်းဝန်းအတွင်း သစ်ပင်စိုက်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်







ပအိုဝ်းအမျိးသားအဖွဲ့ချုပ်(PNO)နှင့် PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)တို့ ဦးဆောင်၍ ဒီကနေ့ ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု ချိန်ခါမှီလုံးကောင် ပရဟိတဘုန်းကြီးကျောင်းဝန်းအတွင်းတွင် သစ်ပင်စိုက်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သစ်ပင်စိုက်ပွဲ မကျင်းပမီအချိန်တွင် ချိန်ခါမှီလုံးကောင်ပရဟိတဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဆက်လက်၍ ဆရာတော်က သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ပါသည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊အတွင်းရေးမှူး(၃)ဖြားခွန်တင်ထွဋ်က တက်ရောက်လာကြသော ရွာသူရွာသားများကို သစ်ပင်စိုက်ခြင်း၏ ရည်ရွယ်ချက်များ၊ ပျိုးပင်အမည်များ၊ စိုက်ပျိုးရမည့်နေရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုတောင်ကြီးမြို့နယ်၊ ဖါမွန်းကျေးရွာအုပ်စု၊ ချိန်ခါမှီလုံးကောင်ပရဟိတဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စိုက်ပျိုးသည့် သစ်ပင်အရေအတွက်မှာ (၁၂၅၀)ပင်ရှိပြီး အဆိုပါ သစ်ပင်အမျိုးအမည်အနေဖြင့် ပင်စိမ်းပင်(၃၅၀)၊ ချယ်ရီပင်(၂၀၀)၊ ခါတော်မှီပင် (၃၀၀)၊ သမာကြီးပင် (၂၀၀)၊ ထောပတ်ပင် (၁၀၀)၊ မျောက်ငိုပင် (ခ) ချင်းဒညင်းပင် (၁၀၀) တို့ပါရှိကြောင်း သိရသည်။

အဆိုပါပြုလုပ်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အတွင်းရေးမှူး(၃)ဖြားခွန်တင်ထွဋ်နှင့် ရုံးဝန်ထမ်းအဖွဲ့များ၊ PNA-အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ ဗိုလ်မှူးခွန်လှမောင်နှင့်အဖွဲ့သားများ လွယ်ကောင်ရွာကြီးရှိ ရွာသူရွာသားများနှင့် လုံးကောင်ရွာမှ ရွာသူရွာသားများတက်ရောက် စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

ခွန်ထွန်းလွင်
Powered by Blogger.