Wednesday, August 23, 2017

ဂျပန်အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် TPA (ကမ္ဘာ့လူသားအဖွဲ့) နှင့် ပါရမီဖွံဖြိုးရေးကွန်ယက်တို့ ပူးပေါင်းဆောင်ရွက်သော ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်




၂၀၁၇ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့တွင် ဂျပန်အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် TPA (ကမ္ဘာ့လူသားအဖွဲ့) နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော်နေသော  အထက်တန်းအဆင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို မနက်ပိုင်း (၁၀း၀၀)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာ အ.ထ.က ကျောက်တန်းနှင့် မွန်းလွဲပိုင်း (၁း၀၀)နာရီအချိန်တွင် စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာ၊ အ.ထ.က ကျောက္ကချားတွင်လည်းကောင်း ကျင်းပခဲ့ပါသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးအခမ်းအနားကို ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ နာယက ဦးအုန်းငွေ၊ ဒုဥက္ကဌ ဦးခွန်လှဘော်၊ အတွင်းရေးမှူးခွန်ချစ်ဦး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်းများ၊ ကျောင်းသား/သူများနှင့် မိဘများတို့မှ တက်ရောက်ပြီး ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များကို ဆရာကြီး ဦးအုန်းငွေကလည်းကောင်း ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဦးခွန်မောင်ဘော်မှ လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းအသီးသီးမှ ပညာသင်ထောက်ပံ့ကြေးအတွက် ရွေးချယ်ခံရသော ကျောင်းသား/သူများအား ပထမအရစ်အနေဖြင့် ကျောင်းသား/သူ(၁)ဦးလျှင် ကျပ်(၁၀၀၀၀၀)တိတိကိုကျောင်းသား/သူ စုစုပေါင်း (၂၄)ဦးကို ပေးအပ်ပြီး ဒုတိယအရစ်ကို ဒီဇင်ဘာလတွင် ကျပ်(၅၀၀၀၀)ကို ထပ်မံ ပေးအပ်မည်ဖြစ်သည်။၂၀၁၅ခုနှစ်မှစတင်ပြီး ၂၀၂၁ပညာသင်နှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြသော ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် နေထိုင်ကြသော ကျောင်းသား/သူ (၃၆)ဦးကို နှစ်စဉ်ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေးပေးလျက်ရှိပါသည်။ ထိုဒေသတွင် နေထိုင်ကြသော အခက်ခဲဖြစ်နေသောကလေးများ၏ အထက်တန်းပညာရေးကို သင်ယူခွင့်ရရှိအောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)မြို့နယ်မှ ဟိုပုံးမြို့နယ်ကို ပေးအပ်ပြီးပြီဖြစ်၍ ကျန်သော ပင်လောင်မြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ကိုလည်း ဆက်လက်ပြီး ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်သွားမည်ဖြစ်သည်။

ထိုသို့ပညာသင်ထောက်ပံ့ကြေးပေးရခြင်း၏ ရည်ရွယ်ချက်မှာ အာရှတွင်နေထိုင်သောကလေး များကို ပညာသင်ကြားခွင့်ရှိအောင် ပံ့ပိုးပေးပြီးအနာဂါတ်တွင် စိတ်ဓါတ်ကောင်းမွန်သော လူတော်၊လူကောင်းများဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ထို့ပြင် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပြီး အာရှဒေသရှိ ကလေးတွေကို ပညာသင်ကြားခွင့် ရရှိအောင် ပံ့ပိုးခြင်း၊ ဂျပန်အလှူရှင်နှင့် ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသား/သူများသည် တစ်ဦးနှင့်တစ်ဦးချိတ်ဆက်ပြီး ရင်းနှီးမှုရရှိစေခြင်းဖြစ်သည်။

နန်းတဆံထီ

Powered by Blogger.