Sunday, September 24, 2017

အထူး​ဒေသ ၆ ​ညောင်​​ရွှေမြို့နယ်​ ​​ပုန်းမူ​ကျေးရွာအုပ်​စု လူးလားသ​ပြေကုန်း ဘုန်း​တော်​ကြီး​ကျောင်းတွင်​ လူထု​တွေ့ဆုံပွဲ ပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်






၂၀၁၇-ခုနှစ်​၊ စက်​တင်​ဘာလ ၂၄ ရက်​​နေ့ နံနက်​ ၉းဝဝ နာရီအချိန်​တွင်​ အထူး​ဒေသ ၆ ​ညောင်​​ရွှေမြို့နယ်​ ပုန်းမူ​ကျေးရွာအုပ်​စု လူးလားသ​ပြေကုန်း​ရွာ ဘုန်း​တော်​ကြီး​ကျောင်းအတွင်း အထူး​ဒေသ ၆ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ခမ်း၊ နယ်​၊ အွိုင်​ တတိယ​နေ့ လူထု​​တွေ့ဆုံပွဲကို ပြုလုပ်​ကျင်းပခဲ့သည်​။ ​ရှေးဦးစွာ ရတ္တနာ ၃ ပါးကို ကန်​​တော့ပြီး ​​ခွန်​ဖြားဗွာခမ်း၊ ကန်​​တော်​ကြီး​ဒေသ ဥက္ကဌ ဖြားခွန်​ယွန်းက အဖွင့်​အမှာစကား ​ပြောကြား​ပေးခဲ့ပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားတပ်​မ​တော်​ ဌာ​နေပြည်​သူ့စစ်​ PNA ဗိုလ်​မှူးခွန်​ဉာဏက ပအိုဝ်းအမျိုးသားများ ​တော်​လှန်​​ရေးသမိုင်း​ကြောင်းများ၊ နိုင်​ငံ​တော်​ လုံခြုံ​ရေး၊ ​ဒေသတည်​ငြိမ်​​အေးချမ်း​ရေး အ​ကြောင်းအရာများကိုလည်း​ကောင်း၊ ကန်​​တော်​ကြီး​ဒေသ၊ အတွင်း​ရေးမှူး ဗိုလ်​မှူးခွန်​​ကျော်​သူက အထူး​ဒေသ ၆ အတွင်း ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်း အ​ကြောင်းအရာများကိုလည်း​ကောင်း၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ဗဟို​ကော်​မတီ ခွန်​​ဆောင်း​ရွှေက ယ​နေ့မြန်​မာနိုင်​ငံ​ရေး နှင့် PNO ပါတီ ​ရှေးလုပ်​ငန်းစဉ်​များ၊ လွှတ်​​တော်​​ရေးရာ အ​ကြောင်းအရာများကိုလည်း​ကောင်း၊ ဥပ​ဒေ​ရေးရာဌာန ခွန်​ထွိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ပါတီ နိုင်​ငံ​ရေးလှုပ်​ခြားမှုအ​ကြောင်းအရာများကိုလည်း​ကောင်း အကျယ်​တဝင့်ရှင်းလင်း ​ဟော​ပြော​ပေးခဲ့ပါသည်။

ကန်​​တော်​ကြီးေ​ဒသ အလုပ်​အမှု​ဆောင်​ ခွန်​ဒီးက ရပ်​မိရပ်​ဖကိုယ်​စား ​ကျေးဇူးတင်​စကား​ပြောကြားပြီး​နောက်​ အခမ်းအနားကို ပြန်​လည်​ရုတ်​သိမ်းခဲ့​ကြောင်း သိရှိရပါသည်​။ အထူး​ဒေသ၆ ခွန်​ဖြားဗွာခမ်း ကန်​​တော်​ကြီး​ဒေသ လူထု​တွေ့ဆုံ​ဟော​ပြောပွဲတွင်​ ​ညောင်​​ရွေမြို့နယ်​ ပုန်းမူ​ကျေးရွာအုပ်​စုမှ ​ကျေးရွာ​ပေါင်း ၂၄ ရွာတွင်​​နေထိုင်​ကြ​သော ​ဒေသခံမိဘပြည်​သူများ ၅၀၀ ​ကျော်​တက်​​ရောက်​ခဲ့ကြ​ပါသည်​။

ခွန်​​အောင်​ထွိုက်​​ဗွေ
Powered by Blogger.