Friday, September 15, 2017

ဆီဆိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးဆိုင်ရာ စိတ်ဓာတ်နဲ့ အရည်အသွေးမြှင့်တင်ရေး အထောက်အကူပြု နွေးဆွေးဟောပြောပွဲ ကျင်းပ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်




၂၀၁၇၊ စက်တင်ဘာ(၁၅)ရက်နေ့၊ နံနက် ၉း၀၀ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အ.ထ.က ဆီဆိုင်ကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် စိတ်ဓာတ်နဲ့ အရည်အသွေး မြင့်တင်ရေး အထောက်အကူပြု နွေးဆွေးဟောပြောပွဲ အခမ်းနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဆီဆိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှုးဦးအောင်နိင်မှ အဖွင့်အမှာစကားနှင့် ဆီဆိုင်မြို့နယ် မြို့နယ်ပညာရေးမှုး ဒေါ်တင်တင်အေးမှ အမှာစကားများ ပြောကြားပြီးနောက် ဆရာ ဦးရည်သွေးအောင် (ပညာရေး)က တက္ကသိုလ်ဝင်တန်း ကျောင်းသား/ သူများ အောင်ချက်မြင့်မားရေးဆိုင်ရာ စိတ်ဓာတ်နဲ့အရည်သွေးမြင့်တင်ရေး အထောက်အကူပြုစေမည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။ အ.ထ.က ဘုရားဖြူ၊ အ.ထ.က နောင်ထောဝ်၊ အ.ထ.က ပန်ကန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ နေ့ခင်း (၁း၀၀) အချိန်တွင် အ.ထ.က ဆိုက်ခေါင်ကျောင်း၊ ညနေ(၄း၃၀) အချိန်တွင် အ.ထ.က ဘန်းယဉ်ကျောင်းများသို့လည်း သွားရောက်ဟောပြောခဲ့ပြီး အ.ထ.က (ခွဲ) လွယ်ပွတ် ၊ အ.ထ.က နောင်မွန်း၊ အ.ထ.က ထမ်းယမ်း၊ အ.ထ.က ပဆျာကလို၊ အ.ထ.က ဆိုင်လဲ၊ အ.ထ.က ပန်အွဉ်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများလည်း တက်ရောက်ခဲ့ကြောင်း သိရှိသည် ။

ခွန်ယံသေ-ခွန်သုည

Powered by Blogger.