Thursday, September 14, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးဆိုင်ရာ စိတ်ဓာတ်နဲ့အရည်အသွေးမြှင့်တင်ရေး အထောက်အကူပြု ဆွေးနွေးဟောပြောပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၊ အထကပင်ခွဉ်ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးဆိုင်ရာ စိတ်ဓာတ်နဲ့အရည်အသွေးမြှင့်တင်ရေး အထောက်အကူပြု ဆွေးနွေးဟောပြောပွဲကို ၂၀၁၇၊ စက်တင်ဘာ(၁၄)ရက်နေ့၊ မနက်(၉)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုဟောပြောပွဲတွင် ဦးရည်သွေးအောင်(ပညာရေး)က ဟောပြောပေးပြီး နေ့လည်ပိုင်း (၁၂)နာရီချိန်တွင် ပင်လောင်းမြို့ အထက(၁)ကျောင်း၊ (၂း၃၀)ချိန်တွင်အထက နောင်တရားကျောင်း၊ ညနေ(၅းဝ)နာရီချိန်တွင် ရွှေဘုန်းပွင့်ပညာဒါနကျောင်းများတွင်လည်း သွားရောက်ဟောပြောခဲ့ကြောင်း သိရသည်။ ထိုဟောပြောပွဲများသို့ အထက တင်းထက်ကျောင်း၊ အထက ဆောင်းပြောင်းကျောင်း၊ ပင်လောင်းအမှတ်(၂) အထက်တန်းကျောင်း၊ အထက ရင်းမှီး၊ အထက ၀ါးလီး(ခွဲ)၊ အထက တီဂျစ်ကျောင်းများမှ ကျောင်းသား/သူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအတွက် စိတ်ဓာတ်ခွန်အားရှိလာအောင်နှင့်မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ရည်ရွယ်၍ ဟောပြောပွဲကို ပြုလုပ်ရဖြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ခွန်ထွန်းလွင်
Powered by Blogger.