Thursday, September 7, 2017

ရေပူ(ထီခိုး) ကျေးရွာတွင် အမျိုးသားလွတ်တော် ဖြားခွန်သိန်းဖေ နှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်






ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ရေပူ (ထီခိုး) ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ အမျိုးသားလွတ်တော် ဖြားခွန်သိန်းဖေ နှင့် ပြည်သူလူထုတွေ့ဆုံပွဲကို စက်တင်ဘာလ (၇) ရက်၊ နေ့လည် (၁၂း၀၀) အချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံရာတွင် လွတ်တော်အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဓိကတွေ့ဆုံဆွေးနွေးပြီး လွတ်တော်ကိုယ်စားလှယ်များသည် ဒေသအတွက် ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး စသည့် လိုအပ်ချက်များကို အချက်အလက်ကောက်ယူပြီး လွတ်တော်/အစိုးရထံသို့တင်သွင်းရန် တာဝန်ရှိကြောင်း၊ ၂၀၁၀ ခုနှစ်မှစပြီး ပအိုဝ်းအမျိုးသာအဖွဲ့ချုပ် (PNO) ပါတီသည် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ် (၃) မြို့နယ်ရှိ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး စသည်များ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့မြင်နေရကြောင်း၊ ဒီမိုကရေစီစနစ်သည် လွတ်တော်ကိုယ်စားလှယ်ပေါ်တွင် မူတည်ပြီး ကိုယ်စားလှယ်များကြိုးစာမှုရှိမှသာလျှင် ဒေသအတွက် ဖွံ့ဖြိုးရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးရွာများ၏ လိုအပ်ချက်များဖြစ်သော ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နှစ်တစ်ကြိမ် (သို့) ၅ နှစ်တစ်ကြိမ် တင်သွင်းနိုင်ပါကြောင်း၊ ပြည်သူလူထုများ၏ ရသင့်ရထိုက်သော ဘတ်ဂျက်သည် ပြည်ထောင်စုအစိုးရထံမှ ချမှတ်ပေးသော ပြည်ထောင်စုဘတ်ဂျက်သော်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရထံ မှ ချမှတ်ပေးသော ဘတ်ဂျက်သော်လည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးဘတ်ဂျက် သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ချမှတ်ပေးသော ပညာရေးဘတ်ဂျက်သော်လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမှတ်ပေးသော ဘတ်ဂျက်သော်လည်းကောင်း ပြည်သူများက ခံစားရရှိခဲ့ပါသည်။

ယခုစနစ်သည် ကျေးရွာများ၏ စည်းလုံးညီညွှတ်မှုရှိမှသာလျှင် အကျိုး၊ ခံစားခွင့်များပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အများဆုံးရရှိပြီး ဒေသအတွက် စာသင်ကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်း၊ မူလွန် စသည့်ကျောင်းပေါင်းများ၊ အိမ်ခြေ၊ လူဦးရေ စသည့်အချက်အလက်များ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ဆောင်ပေးခြင်းဖြင့် ကျေးရွာများအတွက် အိမ်ခြေ၊ လူဦးရေ စသည့်များကို အကျိုးပြုနိုင်ကြောင်း စသည့်အချက်အလက်များ ပြည့်ပြည့်စုံစုံဖြင့် နိုင်ငံတော်အစိုးရထံ တင်သွင်းခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသည့်လူထုကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲပြုလုပ်ခြင်းဖြင့် "ယခုလို လွတ်တော်အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများ ၊ ပအိုဝ်းအမျိုးသားများအတွက် အခွင့်အရေးအများရရှိသည်ကို ကြားသိရသဖြင့် အလွန်ပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဌာနဆိုင်ရာများအတွင်းရှိ ပအိုဝ်းလူမျိုးများအတွက် ၀န်ထမ်းများ၏လိုအပ်ချက်များကို ကျွန်တော်ကအလွန်ပင်စိတ်ဝင်စားမိပါကြောင်း၊ အမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်နိုင်သည့်လူတစ်ဦးဖြစ်ချင်ကြောင်း" ခွန်ကျော်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စံကားဒေသ မှ လူထုကိုယ်စားလှယ် (၃၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်

Powered by Blogger.