Thursday, September 21, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဟိုပုံးမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်



စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ဟိုပုံးမြို့ အထက(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဟိုပုံးမြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌကိုယ်စား လူမှုရေးရာတာဝန်ခံ ဦးခွန်မောင်ပယ်၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန၊ ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆရာမကြီးဒေါ်မေစီအုန်းမောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားပြီး တာဝန်ရှိသူများမှ အခြေစိုက်စခန်း ကော်မတီ ဥက္ကဋ္ဌတာဝန် ပေးအပ်လွှာများပေးအပ်ခြင်း၊ (၂၀၁၆-၂၀၁၇)ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း စွမ်းဆောင်ရည် အကောင်းဆုံးဆု ရရှိတဲ့ ဆရာ/မများနှင့် ထူးချွန် ကျောင်းသား/သူများကို ဆုချီးမြှင့်ပေးခဲ့ကာ အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ဆရာဦးမိုးဇင်အောင်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ငွေစာရင်းရှင်းတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဟိုပုံးမြို့နယ် နောင်တောင်းအခြေစိုက်စခန်းမှ ပထမဆုရရှိတဲ့ ကျောင်းပြင်ပ ပညာရေးကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆရာမများက ကလေးများအတွက် ဒီနေ့သီချင်းဖြင့် တင်ဆက်ခဲ့ကြောင်းသိရပါသည်။ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာရေးမပြီးဆုံးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက် (၁၀)နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုကလေးများကို ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်နဲ့ အဆိုပါကလေးများအား အခြေခံပညာအလယ်တန်းအဆင့်သို့  ဆက်လက်ပညာသင်ယူခွင့် ရရှိစေရန်ဖြစ်ကြောင်း သိရှိရပါသည်။

မြင့်မို၇်ခွန်
Powered by Blogger.