Tuesday, September 26, 2017

ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားတွေအချင်းချင်း မနာလိုစိတ်၊ သံသယစိတ်တွေ ထားနေသေးသရွေ့ မတိုးတက်နိုင်” ဟု ဒု-ခမ်းဗွေးဖြားဆရာယဲုင်း ပြော

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်







အထူးဒေသ(၆)၊ နမ့်စန်မြို့နယ်၊ လွယ်ယဲကျေးရွာအုပ်စု၊ တိုင်ကောင်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလ(၂၅)ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်;၊ အွိုင်;) အဖွဲ့မှ ပြုလုပ်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် မျင်.မိုရ်;ခမ်း၊ ဒု-ခမ်းဗွေ; ဖြားခွန်ဆရာယဲုင်းက ဤသို့ပြောကြားခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဒု-ခမ်းဗွေ; ဖြားဆရာယဲုင်းက “ ကျွန်တော်တို့ ရှမ်း၊ ပအိုဝ်းတွေဆိုတာ ကုသိုလ်ကံချင်းတူလို့ အတူတွေ့ဆုံခွင့်ရခဲ့တယ်၊ တောင်ယာတွေ အတူတူလုပ်ကြတယ်၊ ရိုင်းပင်းကူညီကြတယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားချင်းချင်း မနာလိုစိတ်တွေ၊ သံသယစိတ်တွေ မထားသင့်ပါဘူး၊ သံသယစိတ်၊ မနာလိုစိတ်ထားနေသရွေ့တော့ ကျွန်တော်တို့လည်း တိုးတက်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ပအိုဝ်းတွေက ပဒေသရာဇ်စနစ်ကို တော်လှန်ခဲ့တာပါ။ စော်ဘွားတွေ့ကို တော်လှန်ခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့် အဖြစ်အပျက်ကို မြင်အောင်ကြည့်ပြီး အမြင်ရှင်းဖို့လိုပါတယ်” ဟု အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ပအိုဝ်းတော်လှန်ရေးတစ်လျှောက်တွင် မိဘပြည်သူများ ဒုက္ခဆင်းရဲကြုံတွေ့မှာ စိုးရိမ်သောကြောင့် မိမိတို့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းများနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲများမဖန်တီးခဲ့ကြောင်း၊ မိမိတို့ဒေသ၊ မိမိတို့ပြည်နယ် တိုးတက်ရန်အတွက် မိမိတို့အစ်ကိုချင်းချင်း အမြဲစည်းလုံးရမည်ဖြစ်ပြီး အမြင်ကျယ်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုစိတ်ဓာတ်များကို မွေးမြူရမည်ဖြစ်ကြောင်း PNO ဗဟိုအလုပ်အမှုဆောင် ဖြားဆရာကိုးကလည်း ဆိုထားပါသည်။

ထိုတွေ့ဆုံပွဲတွင် နမ့်စန်မြို့နယ်၊ လွယ်ယဲကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း(၁၇)ရွာမှ ဒေသခံစုစုပေါင်း(၄၀၀) ကျော် တက်ရောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူကြီးများက မိမိတို့၏ ဒေသအခြေအနေများ၊ လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

စည်းလုံးညီညွတ်မှုနှင့် ပတ်သက်၍ “ ကျွန်တော်တို့ အားလုံးက ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် အခက်အခဲတွေကို ၀ိုင်းဝန်းကူညီရိုင်းပင်းကြမယ်၊ ချစ်ခင်ရင်းနှီးစွာ နေထိုင်ရမှာဖြစ်တယ်။ ကျွန်တော်တို့တွေ အေးချမ်းစွာနေထိုင်မှ ဒေသလည်း တိုးတက်မှာဖြစ်တယ်၊ ကျွန်တော်တို့မှာ မျိုးဆက်သစ်ကလေးငယ်တွေ ကိုယ်စီရှိကြတဲ့အတွက် သူတို့လေးတွေ ပညာတတ်ဖြစ်အောင် ကျွန်တော်တို့တွေ အပြန်အလှန် ကူညီရိုင်းပင်ကြဖို့ လိုပါတယ်” ဟု PNA - အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ဗဟိုဌာနချုပ်ရုံး ဗိုလ်မှူးခွန်ဆန်းကျော်က ပြောပါသည်။

ထို့လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်အမှုဆောင်မှ ဖြားခွန်ဆရာကိုးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှေ့လုပ်ငန်းစဉ်ကို သော်လည်းကောင်း၊ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တွဲဖက်ကွပ်ကဲရေးမှူး(၂) ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အကြံပေး ဗိုလ်မှူး ခွန်ဆန်းကျော်က စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်နှင့် အမျိုးသားအခွင့်အရေးကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း အသီးသီး ဟောပြောပေးခဲ့ကြ ကြောင်း သိရှိရသည်။

နဂ့ါခွန်
Powered by Blogger.