Monday, September 25, 2017

ပအိုဝ်းအမျိုးသား​ခေါင်း​ဆောင်​ကြီး ဖြားဗွာလှ​ဖေ ချမှတ်​​ပေးခဲ့​သော သံဖိုခ​နောက်​လမ်းစဉ်​အတိုင်းဆက်​လက်​လုပ်​​ဆောင်​သွားမည်​ဟု ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်








၂၀၁၇ခုနှစ်​၊ စက်​တင်​ဘာလ၊ (၂၅)ရက်​​နေ့ ၊​ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ဆီဆိုင်​မြို့နယ်​ အထူး​ဒသ(၆)သူရိယခမ်း ​နောင်​​ကျေား​ကျေးရွာအုပ်​စု၊ ​​နောင်​ရင်း​ဘုန်း​တော်​ကြီး​ကျောင်း၌ ပအိုဝ်းအမျိုးသားအ​ဖွဲ့ချုပ် (PNO) ခမ်း၊ နယ်​၊ အွိုင်း မှ လူထု​တွေဆုံပွဲအခမ်းအနား ​ပြုလုပ်​​ကြောင်းသိရှိရပါသည်​။

အဆိုပါပြုလုပ်​ပွဲတွင်​ ဦးစွာပထမ ရတနာသုံးပါး ကန်​​တော့ပြီး ​နောင်​ရင်းဆရာ​တော်​ထံမှ ငါးပါးသီလနှင့်​ သြဝါဒများ ခံယူခဲ့ပါသည်​။ ဆက်​လက်​ပြ်ီး အခမ်းအနားသို့တက်​​ရောက်​လာ တာဝန်​ရှိပုဂ္ဂိုလ်​များနှင့် မိတ်​ဆက်​​ပေးခဲ့ပြီး သူရိယခမ်း ခမ်း​ဗွေ ဖြားခွန်​လှမြင့်​ ကအဖွင့်​အမှာစကား​ပြောကြားရာ စည်းလုံးညီညွတ်​မှ ဘယ်​အလုပ်​မဆို ​အောင်​မြင်​နိုင်​မှာဖြစ်​​ကြောင်း၊ ​ရှေ့​ခေါင်း​ဆောင်​ကြီးများ လုပ်​​ဆောင်​ချက်​များအတိုင်း ဆက်​လက်​လုပ်​​ဆောင်​သင့်​​ကြောင်းနှင့် ပညား​ရေးတိုးတက်​ရန်​အတွက်​ လုပ​ဆောင်​သင့်​​ကြောင်း အကျယ်​တ၀င့် ​ပြေားကြားခဲ့ပါသည်​။

ထို​နောက်​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟို​ကော်​မတီ ခွန်​​ကျော်​​အေးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာနအသီးသီးမှ လုပ်​​ဆောင်​ချက်​များ၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသများအ​ကြောင်း၊ ပအိုဝ်းအမျိုးသား(PNO)ပါတီ ​ပေါ်​ပေါက်​လာပုံအ​ကြောင်း၊ ပအိုဝ်းအမျိုးသား ​ခေါင်း​ဆောင်​ကြီးဖြားဗွာလှ​ဖေ ချမှတ်​ထား​ပေး​သော သံဖိုခ​နောက်​ လမ်းစဉ်​အတိုင်း ဆက်​လက်​လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း၊ ယခုပအိုဝ်းအမျိုးသားရင်​ဆိုင်​​နေရ​သော စိန်​​ခေါ်မှုအ​ခြေအ​နေများနှင့်​ စည်းလုံးညီညွတ်​မှုမပျက်​ပြား​စေရန်​ စသည်တို့ကို ​ပြောကြားခဲ့ပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားတပ်​မ​တော်​(PNA) အသွင်​​ပြောင်းပြည်​သူစစ်​(ဌာ​နေ)၊​ ဗဟိုဌာနချုပ်​ရုံး စစ်​ဦးစီးမှူး ဒု-ဗိုလ်​မှူးကြီး ခွန်​​ဇော်​ပျံ က ပအိုဝ်းလူမျိုးသမိုင်းအ​ကြောင်း၊ ၁၉၉၁​ ငြိမ်းချမ်း​ရေးယူပြီး​နောက်​ပိုင်း အထူး​ဒေသ(၆)အတွင်းရှိ တိုင်းရင်းသားများအတွက်​ ပညာ​ရေး၊ ကျန်းမာ​ရေး၊ လမ်းပန်းဆက်​သွယ်​​ရေးနှင့်​ ဖွံဖြိုး​ရေးလုပ်​ငန်းများ လုပ်​​ဆောင်​လျှက်ရှိ​ကြောင်း၊ ပအိုဝ်းအမျိုးသားတပ်​မ​တော်​(PNA)သည်​ ၂၀၀၉ ခုနှစ်​တွင်​အသွင်​​ပြောင်းပြည်​သူစစ်​အဖြစ်​ခံယူခဲ့ေ​ကြာင်း၊ နယ်​​မြေအတွင်းရှိ မူးယစ်​​ဆေးဝါးများပ​ပျောက်​ရန်​ ၊ စည်းလုံးညီညွတ်​မှုရှိ​စေရန်​ နှင့် နယ်​​မြေလုံခြုံ​ရေးအ​ကြောင်း ​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ ဗိုလ်​စံသိန်းဗျူဟာ ဗိုလ်​မှူး ခွန်​​အေး​ဖေ က ဗျုဟာလှုပ်​ရှားမှု အ​ခြေအ​နေများကို မိဘပြည်​သူ သိရှိရန်​ ရှင်းလင်း​ပြောကြားခဲ့ပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO) အထူး​ဒေသ(၆)သထွုံး​ပေး​ဝေင်​နယ်​ ဥက္ကဌ ဖြားဆရာပျာ ကရပ်​ရွာ​ဒေသဖွံဖြိုး​ရေးအတွက်​ ထုတ်​ပြန်​ထား​သောစည်းကမ်းချက်​များလိုက်​နာသင့်​​ကြောင်း၊ ​တောမီးမရှိုရန်​၊ သဘာဝပတ်​ဝန်းကျင်​နှင့်​ သစ်​​တောများထိန်းသိမ်းရန်​ ၊(၂၄)နာရီ ရပ်​ရွာလုံခြုံမှုရှိ​စေရန်​၊ ပညာ​ရေးသည်​အ​ရေးကြီး​ကြောင်းနှင့်​ စည်းလုံးညီညွတ်​ မှုရှိ​စေရန်​တို့ကို အကျယ်​တဝန်း​ပြောကြားခဲ့ပါသည်​။ အဆိုပါ လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)မှ တာဝန်​ရှိပုဂ္ဂိုလ်​များ၊ပအိုဝ်းအမျိုးသားတပ်​မ​တော်​ (PNA) အသွင်​​ပြောင်းပြည်​သူစစ်​(ဌာ​နေ)မှ တာဝန်​ရှိပုဂ္ဂိုလ်​များ နှင့်​ ​နောင်​​ကျေား​ကျေးရွာ အုပ်​စုရှိ ရွာ(၃၂)အတွင်း​နေထိုင်​ကြ​သော ရပ်​မိရပ်​ဖများ(၆၀၀)နီးပါးတက်​​ရောက်​​ကြောင်းသိရှိရပါသည်​။

ခွန်​ယံ​သေ
Powered by Blogger.