Tuesday, September 26, 2017

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရန် အာလုံးတွင် တာဝန်ရှိဟုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်








၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဖက်ယန် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အထူးဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခမ်း၊ နယ်း၊ အွိုင်းနှင့် ဖက်ယန်အုပ်စု ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်းကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ ခွန်အိုးဗျုဟာ ဒု-ဗျုဟာမှူး ခွန်မြအောင် ပြောကြားခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံ တချို့ဒေသများတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေကြောင်း၊ မိမိဒေသတွင်လည်း ထိုသို့ မဖြစ်ပွားစေရန်အတွက် မိမိရပ်ရွာလုံခြုံရေးတွင် မိမိကိုယ်တိုင် တာဝန်ရှိသလို လက်ထပ်ထမ်းမြှားရာတွင်လည်း မိမိတိုင်းရင်းသားအချင်းချင်းသာ လက်ထပ်ထိမ်းမြှားသင့်ကြောင်း၊ မြေရောင်း မြေ၀ယ်ပြုလုပ်ရာတွင်လည်း တိုင်ရင်းသားအချင်းချင်းကိုသာ အရောင်းအ၀ယ်ပြုလုပ်သင့်ကြောင်း ကိုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

သူရိယခမ်း၊ ဒုခမ်းဗွေ ဒု-ဗိုလ်မှူးကြီးခွန်ချစ်အိန်မှ ဒေသခံပြည်သူများအနေဖြင့် မိမိသားသမီးများကို ပညာတက်မြောက်အောင် အားပေးထောက်ပံ့ပေးဖို့ လိုအပ်ကြောင်း၊ အရင်ခေတ်တွင် ပညာမတက်ခဲ့လို့ ဒုက္ခများကို ခံစားခဲ့ရပါကြောင်း၊ ရပ်ရွာဒေသ တိုးတက်ဖို့ ဦးဆောင်ဆရာတော်များ၊ ဒေသလူကြီးများနှင့် ရပ်ရွာဦးဆောင်သူများ၏ စကားကို နားထောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

(PNO) ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူးခွန်ကြည်မှ ပါတီနှင့် လွှတ်တော်အကြောင်းများ၊ ဘ၀တသက်တာအတွက်  မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမည့် အမှားစကားများကို ပြောကြားခဲ့ပြီး၊ သုတေသနနှင့် နည်ဗျုဟာရေးဆွဲရေးဌာ ဌာနမှူးခွန်ချစ်တင်မှ ဗဟိုဌာနချုပ်ရုံး ဖွဲ့စည်းပုံနှင့် ဌာနတခုချင်းစီ၏ လုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ လွယ်မော်တန်ဒေသ၊ ဥက္ကဌ ဖြားအောင်သုခမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဖက်ယန်ဒေသ ဒေသခံပြည်သူများ (၃၀၀) တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဓဇ 

Powered by Blogger.