Friday, September 8, 2017

(၅၁) နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်


၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ နံနက် (၈း၀၀)အချိန်တွင် တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌  (၅၁) နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက " လူတိုင်းအတွက်ပညာရေး " သီချင်းအား သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကအဖွင့်အမှာကားပြောကြားကာယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့သ၀ဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးက ဖတ်ကြားပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပသော စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများက “ ဒို့အင် ဒို့အား “ သီချင်းနှင့် “ မြန်မာ့ကျောင်း “ သီချင်းများအား ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်အစိုးရနှင့်လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပညာရေးဌာနမှ ဆရာ/မများ နှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ယံသေ 
Powered by Blogger.