Saturday, September 23, 2017

ဒေသရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဇလဲဘုန်းတော်ကြီးကျောင်းတွင် လူထုတွေဆုံပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်




၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်၊ မနက် (၁၀း၃၀) အချိန်တွင် တောင်ကြီးမြို့နယ် လွယ်တောကျေးရွာအုပ်စုနှင့် ကွန်လုံကျေးရွာအုပ်စုမှ မိဘပြည်သူများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO (ခမ်း၊ နယ်၊ အွိုင်း) ကဒေသ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဇလဲဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်ကြောင်းသိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ရှေဦးစွာ ဇလဲဘုန်းတော်ကြီးကျောင်း၊ ကျေင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလ နှင့် သြ၀ါဒခံယူပြီးသည်နှင့် မျင်းမိုရ်းခမ်း၊ ခမ်းဗွေဖြားဆရာခေါင်မှ ဒီကနေပြုလုပ်ကျင်းပတဲ့ လူထုတွေ့ဆုံပွဲတွင် မိမိပအိုဝ်းလူမျိုးတို့၏ အခန်းကဏ္ဍဖြစ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်တို့ကို ဟောပြောပေးသွားမည်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

မိမိတို့လူမျိုးသည် ၁၉၂၃ ခုနှစ် ဖြားတန်ကောင်ခယ် ဦးဆောာင်သော ပဒေသရာဇ်စနစ် တော်လှန်ရေးမှအစပြု၍ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ဖြတ်သန်းရင်း နိုင်ငံတော်အစိုးရနှင့် (၃)ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေးရယူကြောင်း နောက်ဆုံး ၁၉၉၁ ခုနှစ်၊ ဧပြီလ ၁၁ရက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်ဦးအောင်ခမ်းထီက ငြိမ်းချမ်းရေးရယူပြီးချိန်မှ ယနေ့အချိန်ထိ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးများကို ကြိုးစားလုပ်ဆောင်နေကြောင်း စသည်များကို  PNA အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)၊ ဗဟိုဌာနချုပ်ရုံး ဗဟိုစစ်ကော်မတီဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ပီတာထွန်းနိုင်မှ ပြောကြားခဲ့ပါသည်။

ယခုလို လူထုတွေ့ဆုံပွဲ ပြုလုပ်ရတဲ့ရည်ရွယ်ချက်မှာ ဒေသဖွံဖြိုးရေး၊ နယ်မြေလုံခြုံရေး အမျိုးသား၊ သာသနာ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာထိန်းသိမ်းတက်စေရန် စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းသာယာရေးရှိစေရန်ဖြစ်သည်ဟု PNA အသွင်ပြောင်းပြည်သူစစ်(ဌာနေ) တပ်ရင်း (၉)၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးခွန်အောင်သိန်းထံမှ သိရှိရပါသည်။

အဆိုပါလုထုတွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်ပြောင်းပြည်သူစစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လွယ်တောကျေးရွာအုပ်စု နှင့် ကွန်လုံကျေးရွာအုပ်စုတွင် နေထိုင်ကြသောရပ်မိရပ်ဖ စုစုပေါင်း (၅၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

နန်းသဲင်ခံ
Powered by Blogger.