Monday, September 11, 2017

ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် ကျောင်းသား/သူများ၏ကျန်းမာရေးများကို ကွင်းဆင်းဆောင်ရွက်ခြင်းပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်





ဟိုပုံးမြို့နယ်၊နမ့်ခုတ်ကျေးလက်ကျန်းမာရေးဌာနနှင့်  လွယ်အွန့်ကျေးရွာအုပ်စုကျေးလက်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ဂနိုင်ထုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူ(၁၀၀)ကျော်အား ကျန်းမာရေးစစ်ဆေးခြင်းနှင့် လိုအပ်သောဆေးဝါးများတိုက်ကျွေးခြင်း၊ ကျန်းမာရေးအသိပညာများ ဟောပြောပေးခြင်းများကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ပြုလုပ်ရာတွင် နမ့်ခုတ်စံပြကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ကြူကြူသင်းက “ကျွန်မတို့ အထက်ကလမ်းညွှန်ချက်အတိုင်း ကွင်းဆင်းဆောင်ရွက်ရတာပါ၊ နှစ်စဉ်နှစ်တိုင်းလည်းလုပ်ပါတယ်၊ ရည်ရွယ်ချက်ကတော့ ကလေးလေးတွေမှာ အထူးသဖြင့်မူလတန်းကျောင်းသား/သူလေးတွေမှာ သူတို့ရဲ့ကျန်းမာရေးပြဿနာပေါ့နော် ကျန်းမာရေးစောင့်ရှောက်မှုလက်လမ်းမမှီဘူး အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင် ကလေးလေးတွေမှာ ကျန်းမာရေးပြဿနာရှိနေတာလေးတွေကို ကျွန်မတို့က ကိုယ်တိုင်ကိုယ်ကျတွေ့ရပြီး အဓိကကတော့ ကျွန်မတို့သွားကျန်းမာရေး၊ တစ်ကိုယ်လုံး တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်းကြည့်သွားတာပေါ့၊ ပြီးတော့ မျက်စိကျန်းမာရေးပေါ့ စာကောင်းကောင်းသင်နိုင်လား၊ သင်နိုင်ဘူးလား၊  မျက်စိနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးပြဿနာရှိနေလား၊ စာသင်တဲ့နေရာမှာ တစ်ခြားကလေးတွေလိုမတူဘဲနဲ့ထူးခြားနေလား၊စာရေးရတာအခက်ခဲဖြစ်နေလား သူများကလေးနည်းတူ သူမကြည့်နိုင်ဘူးမမြင်နိုင်ဘူး အဲ့လိုပြဿနာမျိုးဖြစ်နေလား ဖြစ်နေတယ်ဆိုလို့ရှိရင် အဲ့ဒီဥစ္စာကို ကိုယ့်အဆင့်နဲ့ကိုယ်လုပ်လို့ရရင်ရ၊ လုပ်ပေးလို့မရရင် တစ်ဆင့်မြှင့်ပြီး စောင့်ရှောက်မှုခံယူဖို့အတွက်နေရာတွေကို ကျွန်မတို့လွဲပြောင်းသင့်ရင်လွဲပြောင်းပေးဖို့နော် အဲ့လိုမျိုးကိုယ်တိုင်ကိုယ်ကျလာပြီးတော့မှ ကြည့်ပေးတာပါ အများဆုံးကြုံတွေ့ရတဲ့ပြဿနာကတော့ သွားပြဿနာ” ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ အခြားသက်ဆိုင်သော ကျောင်းများကိုလည်း ကျန်မာရေးကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

နန်းတဆံထီ
Powered by Blogger.