Monday, September 18, 2017

GIC နှင့် PYN တို့ ပူးပေါင်း၍ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်း ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်



၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက် တနင်္လာနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာအုပ်စု၊ နမ်းဟုတ်ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းကို GIC နှင့် PYN တို့က ကြီးမှူး၍ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ - ခရီးသွားလုပ်ငန်းဆိုင်ရာ တိုးတက်မှုရရှိလာစေရန်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာများ ပို့ချပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းကို ဆရာခွန်ထွန်းလေး၊ ဆရာခွန်အောင်သန်း၊ ဆရာခွန်အောင်သိန်း နှင့် ဆရာခွန်ကြည်စိုးတို့က ပို့ချပေးခဲ့ပါသည်။

အဆိုပါသင်တန်းကို သင်တန်းသူ/သား ၂၃ ဦးတက်ရောက်ကြောင်းသိရှိရပါသည်။ ထိုသင်တန်းတွင် ၁၅.၉.၂၀၁၇ မှစ၍ ၁၉.၉.၂၀၁၇ ရက်ထိ ၅ ရက် ဆက်တိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ထွန်းလွင်
Powered by Blogger.