Sunday, September 24, 2017

"ညီ​နောင်တိုင်း​ရင်းသားများ စည်းလုံးညီညွတ်​မှသာလျှင် ချစ်​ခင်​မှုရရှိပြီး ငြိမ်းချမ်းစွာ အတူတကွ​နေထိုင်​နိုင်​မည်​"ဟု PNA ဗဟိုစစ်ကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဖြားခွန်ပီတာထွန်းနိုင်မှ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်




၂၀၁၇ ခုနှစ်​၊ စက်​တင်​ဘာလ၂၄ ရက်​​နေ့၊ ​တောင်​ကြီးမြို့နယ်၊ နမ်း​ဟောင်း​ကျေးရွာအုပ်​စု၊ ​မွေ​တော်​​ဘုန်း​တော်​ကြီး​ကျောင်းတွင်​ ပြုလုပ်​သည့် အထူး​ဒေသ(၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)ခမ်း၊နယ်း၊အွိုင်းအဖွဲ့မှ ​ဒေသခံပြည်​သူများအား​တွေ့ဆုံခဲ့ပြီး (PNA) အသွင်​​ပြောင်း ပြည်​သူ့စစ်​(ဌာ​နေ)  ဗဟိုစစ်ကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်​မှူးကြီးဖြားခွန်​ပီတာထွန်းနိုင်​မှ အမှာစကားပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင်  PNA သည် အလိုအလျောက်ဖြစ်တည်လာသည့် အဖွဲ့မဟုတ်ဘဲ သွေးချွေးများဖြင့် တည်ဆောက်လာခဲ့သည့် အဖွဲ့ဖြစ်ပါကြောင်း​၊ (PNA) ​သည်​ တော်လှန်ရေး ခေတ်အဆက်ဆက်လုပ်ဆောင်လာပြီး ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နယ်မြေလုံခြုံရေးလုပ်ငန်းများ တစိုက်တမတ် လုပ်ဆောင်လာကြောင်း၊ စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ ညီ​နောင်​တိုင်းရင်းသားများ စည်းလုံးညီညွတ်မှသာလျှင် ချစ်​ခင်​ရင်းနှီးမှုရရှိပြီး ငြိမ်းချမ်းစွာအတူတကွ​နေထိုင်​နိုင်​မည်​ဟု စသည့်အကြောင်းအရာများကို ​ပြောကြားခဲ့ပါသည်။

ပအိုဝ်းစာ​ပေနှင့်​ ယဉ်​​ကျေးမှု ဗဟို​ကော်​မတီအဖွဲ့ဝင်​ ဖြားခွန်​ယာမက"တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုလိုအပ်​​ကြောင်း၊ မည်​သည့်​ကိစ္စမဆို အချင်းချင်း​ဆွေး​နွေးတိုင်​ပင်​လုပ်​​ဆောင်​ကြပါက ​ဒေသဖွံ့ဖြိုးတိုးတက်​ရမည်​ဖြစ်​​ကြောင်း၊ အခက်​အခဲမှန်​သမျှကို တွန်းလှန်​​ကျော်​လွှားနိုင်​မည်​၊ တိုင်းရင်းသားအချင်းချင်း ဗြမ္မာစိုရ်​တရား (​၄)ပါးဖြစ်​​သော ​မေတ္တာ၊ဂရုဏာ၊ မုဒိတာ၊ ဥ​ပေက္ခာတရားနှင့်​အတူ​နေထိုင်​သွားကြရန်​လိုအပ်​​ကြောင်း၊ သို့ပါမှ မိမိတို့လိုအပ်​​သောရပ်​ရွာ​အေးချမ်းသာယာ​ရေဒ၊ ဖွံဖြိုးတိုးတက်​​ရေးလုပ်​ငန်းကို ​ဆောင်​ရွက်​သွားနိုင်​မည်​ဖြစ်​​ကြောင်းကိုလည်း ​ပြောကြား​ပေးခဲ့သည်​။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်​ရုံး၊ စည်းရုံး​ရေးဌာနမှူး၊ ​ဒေါ်နန်းခမ်းဗွာမှ"ပါတီနိုင်​ငံ​ရေးအ​ကြောင်း၊ ပါတီ၏​ရှေ့လုပ်​ငန်းစဉ်​နှင့် ​ဒေသဖွံ့ဖြိုး​ရေး၊ စည်းလုံးညီညွတ်​​ရေးကို ​ပြောကြားပြီး​၊ ​လေ့ကျင့်ရေးနှင့် ပညာ​ပေး​ရေးဌာနမှ ခွန်​​ကျော်​က ဗဟိုဌာနချုပ်​ရုံးရှိ ဌာနအသီးသီးများ၏  လှုပ်​ရှား​နေမှုများနှင့်​ လုပ်​ငန်းတာဝန်​များအ​ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်​။

လူထု​တွေ့ဆုံပွဲသို့တက်​​ရောက်​လာ​သော  ​​ဒေသခံကျောင်း​ကော်​မတီအဖွဲ့ဝင်​ ရှမ်းတိုင်းရင်းသား လုံးစန်​ကျန်​က "ယခုလို လူထု​တွေ့ဆုံပွဲကျင်းပပြုလုပ်​​ပေးတာ ဝမ်းသာ​ကျေးဇူးတင်​ပါကြောင်း၊ အ​ကောင်းအဆိုး အတတ်​ပညာ​တွေက ကျွန်​​တော်​တို့ သိပြီးတတ်​ပြီးဖြစ်​​သော်​လည်း ​နောက်​လည်းများများ လာ​ပေးဖို့ကြိုဆိုပါကြောင်း၊ ​ရှမ်း ပအိုဝ်းလူမျိုးမခွဲခြားဘဲ ပြုံးပြုံးပျော်​​ပျော် တစ်​​ယောက်​နှင့်တစ်​​ယောက်​ အတူလက်​တွဲ​ခေါ်​ဆောင်​​ပြီး ​ဒေသဖွံဖြိုး​ရေးလုပ်​ငန်းများကို စည်းလုံးညီညွတ်​စွာဆက်​လက်​လုပ်​​ဆောင်​ချင်​ကြောင်း​"ဟု ၎င်းမှပြောကြားခဲ့ကြောင်း သိရှိရပါသည်​။

လူထု​တွေ့ဆုံပွဲသို့ (PNA) အသွင်​​ပြောင်းပြည့်​သူ့စစ်​(ဌာ​နေ)မှတာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်​ရုံးမှ တာဝန်​ရှိပုဂ္ဂိုလ်​များနှင့်​ နမ်း​ဟောင်း​ကျေးရွာအုပ်​စုမှ ​ဒေသခံ ရပ်​မိရပ်​ဖများ စုစု​ပေါင်း(၈၀၀​)​ကျော်​ တက်​​ရောက်​ခဲ့​ကြောင်း သိရှိရပါသည်​။

နန်းခမ်းရား
Powered by Blogger.