Tuesday, September 26, 2017

အမျိုးသားလုံခြုံ​ရေးအတွက်​ ​ဒေသခံပြည်​သူလူထု၏ ပူး​ပေါင်းပါဝင်​မှု အ​ရေးကြီး​ကြောင်း PNO ခမ်း၊ နယ်​၊ အွိုင်​ ဗိုလ်​မှုးခွန်​ကျာ်​သူ ​ပြောကြား

 တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်






၂၀၁၇-ခုနှစ်​၊ စက်​တင်​ဘာလ ၂၆ ရက်​​နေ့ နံနက်​ ၁၀းဝဝ နာရီအချိန်​တွင်​ အထူး​ဒေသ ၆ ​ညောင်​​ရွှေမြို့နယ် ​မိုင်း​သောက်​ကျေးရွာအုပ်​စု၊ အင်းနီ ဘုန်း​တော်​ကြီး​ကျောင်းအတွင်း အထူး​ဒေသ ၆ ပအိုဝ်းအမျိုးသားအဖွဲ့ PNO က. ခမ်း၊ နယ်​၊ အွိုင်​ ပဉ္စမ​နေ့ လူထု​​တွေ့ဆုံပွဲကို ပြုလုပ်​ကျင်းပခဲ့သည်​။ ​ရှေးဦးစွာ ရတ္တနာ ၃ ပါးကို ကန်​​တော့ပြီး ​​ခွန်​ဖြားဗွာခမ်း၊ ကန်​​တော်​ကြီး​ဒေသ ဥက္ကဌ ဖြားခွန်​ယွန်းက အဖွင့်​အမှာစကား ​ပြောကြား​ပေးခဲ့ပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားတပ်​မ​တော်​ ဌာ​နေပြည်​သူ့စစ်​ PNA ဗိုလ်​မှူးခွန်​ဉာဏက ပအိုဝ်းအမျိုးသား တပ်​မ​တော်​PNA- ဌာ​နေပြည်​သူ့စစ်​သည်​ ​ငြိမ်းချမ်း​ရေးရယူပြီး​နောက်​ ဒေသဖွံ့ဖြိုးကို ဦးစား​ပေးလုပ်​​ဆောင်​​ပေးလျှက်​ရှိ​ကြောင်း၊ မိမိတို့အဖွဲ့အစည်းအတွက်​ တိုးတက်​ရာတိုးတက်​​ကြောင်းကို ပဓာနမထားခြင်း​ကြောင့်​ အခက်​အခဲများစွာဖြင့်​ မားမားမတ်​မတ်​ ပြည်​သူဘက်​ကို ရပ်​တည်​​ပေးလျှက်​ရှိ​ကြောင်း၊ အထူး​ဒေသ ၆ သည်​ အခြားအထူး​ဒေသထက်​ များစွာတိုးတက်​​နေပြီဖြစ်​​ကြောင်း ​ပြေကြားခဲ့သည်​။

ကန်​​တော်​ကြီး​ဒေသ၊ အတွင်း​ရေးမှူး ဗိုလ်​မှူးခွန်​​ကျော်​သူက အမျိုးသားလုံခြုံ​ရေးအတွက်​ ​ဒေသခံပြည်​သူလူထု၏ ပူး​ပေါင်းပါဝင်​မှု အ​ရေးကြီး​ကြောင်း၊ အထူး​ဒေသ ၆ အတွင်း ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းကို ဌာနဆိုင်​ရာ တာဝန်​ရှိပုဂ္ဂိုလ်​များနှင့်​ လက်​တွဲ​ဆောင်​ရွက်​သွားရမည်​ဖြစ်​​ကြောင်း၊ ပအိုဝ်းအမျိုးသား​တော်​လှန်​​ရေး သမိုင်း​ကြောင်းကိုလည်း​ လူတိုင်းသိထားဖို့ရန်​ လိုအပ်​​ကြောင်းပြောကြားခဲ့ပါသည်​။

တစ်​ဆက်​တည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ဗဟို​ကော်​မတီ ခွန်​​ဆောင်း​ရွှေက ပအိုဝ်းလူမျိုးများ သိထားသင့်သည့် နိုင်​ငံ​ရေး ​ပြောင်းလည်းမှုအ​ခြေအ​နေများ၊ ပအိုဝ်းတစ်​မျိုးသားလုံး လိုက်​နာကျင့်​သုံးရမည့်​ ​ရှေးလုပ်​ငန်းစဉ်​မူဝါဒများ၊ လူမျိုးကိုကိုယ်​စားပြုသည့်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၏ လုပ်​ပိုင်​ခွင့်​များ၊ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသနှင့်​ ပြင်​ပတွင်​​နေထိုင်​ကြ​သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်​အ​ရေးများ၊ မြန်​မာနိုင်​ငံ ပြည်​တွင်း ငြိမ်းချမ်း​ရေးဖြစ်​စဉ်​များအ​ကြောင်းကို ​ဟော​ပြော​ပေးခဲ့သည်​။

ထို​နောက်​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ဗဟိုဌာနချုပ်​ရုံး၊ ပြန်​ကြား​ရေးဌာနခွန်​​အောင်​ထွိုက်​​ဗွေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ပါတီ ဖြစ်​​ပေါ်လာပုံ၊ နိုင်​ငံ​ရေးလှုပ်​ရှုားမှုအ​ကြောင်းအရာများ၊ ဌာနတစ်​ခုချင်းစီ၏ လုပ်​ငန်းတာဝန်​ ဝတ္တရားများ၊ ​ရှေးဆက်​လုပ်​​ဆောင်​သွားမည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းကိုအကျယ်​တဝင့် ရှင်းလင်း ​ဟော​ပြော​ပေးခဲ့ပါသည်။

ကန်​​တော်​ကြီးေ​ဒသ ​ညောင်​​ရွေမြို့နယ်​ အွိုင်းပင်​တ​ဖြေ ဥက္ကဌ  ဆရာခွန်​​မောင်​သိန်းက ရပ်​မိရပ်​ဖကိုယ်​စား ​ကျေးဇူးတင်​စကား​ပြောကြားပြီး​နောက်​ အခမ်းအနားကို ပြန်​လည်​ရုတ်​သိမ်းခဲ့​ကြောင်း သိရှိရပါသည်​။
အထူး​ဒေသ၆ ခွန်​ဖြားဗွာခမ်း ကန်​​တော်​ကြီး​ဒေသ ​လူထု​တွေ့ဆုံ​ဟော​ပြောပွဲတွင်​ ​ညောင်​​ရွေမြို့နယ်​ ​မိုင်း​သောက်​ကျေးရွာအုပ်​စုတွင်​ ​​နေထိုင်​ကြ​သော ​ဒေသခံမိဘပြည်​သူများ ၃၀၀ ​ကျော်​တက်​​ရောက်​ခဲ့ကြ​ပါသည်​။

ခွန်​​အောင်​ထွိုက်​​ဗွေ
Powered by Blogger.