Saturday, September 23, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခမ်း၊ နယ်၊ အွိုင် အဖွဲ့မှ သထုံပေ၊ သူရိယခမ်း လွယ်ပွတ်ကျေးရွာအုပ်စု၊ စမ္မနန္ဒိယ ဓမ္မာရုံတွင် လူထုတွေ့ဆုံပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်






၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်၊ စနေနေ့၊ နံနက် (၉း၃၀)နာရီ အချိန်တွင် အထူးဒေသ (၆) သူရိယခမ်း၊ ဆီဆိုင်မြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လွယ်ပွတ်ကျေးရွာအုပ်စု၊ စမ္မနန္ဒိယ ဓမ္မာရုံ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခမ်း၊ နယ်၊ အွိုင် အဖွဲ့က လူထုတွေ့ဆုံပွဲပြုလုပ်ကြောင်းသိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဦးစွာပထမ ရတနာ ၃ပါး ကို ကန်တော့ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူခဲပါသည်။ ဆက်လက်၍ အထူးဒေသ (၆) သူရိယခမ်း (ခမ်းဗွေ)ဖြားခွန်လှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကျွန်တော်တို့ပအိုဝ်းလိုမျိုးတွေသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဘာသာ၊ သာသနာ နှင့် ပညာရေး တိုးတက်လာစေရန်၊ စည်းလုံးညီညွတ်မှု ရှိစေရန် နှင့် မူးယစ်ဆေးဝါးပပျောက်စေရန်တို့ကို ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO၊ စီမံဌာနမှူး ခွန်ကျော်အေးက ပအိုဝ်းအမျိုးသားအဖွဲ့ PNO ပါတီ၏ လုပ်ဆောင်ချက်များအကြောင်း၊ PNO ဗဟိုဌာနရုံးဖွဲစည်းပုံနှင့် ဌာနတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များအကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့PNO ရှေ့လုပ်ဆောင်ချက်များသည် မိဘပြည်သူလူထု လက်ထဲတွင်ရှိကြောင်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း၊ ပြည်ထောင်ငြိမ်းချမ်းရေး (၂၁) ပါတီအကြောင်း ရှင်းလင်းပြောကြားပြီး အစိုးရ ဌာနအသီးသီးဆိုင်ရာ ၀န်ထမ်းများလုပ်ဆောင်ခဲ့သင့်ကြောင်း တိုက်တွန်းနှိုးဆော် ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) စစ်ဦးစီးမှုး ဒုဗိုလ်မှုးတန် ခွန်ဇော်ပျံ က ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ခဲ့ခြင်း အကြောင်းကို ဗဟုသုတအဖြစ်ပြောကြားပြီး ဖြားတန်နမ်းသြ၊ ဖြားတန်နာစေးစောက်နှင့် ဖြားတန်ကောင်ခယ် တို့တော်လှန်ရေးအကြောင်းလည်ကောင်း၊ ရပ်ရွာစည်းကမ်းရှိစေရန် အကြောင်းလည်ကောင်း၊ မူးယစ်ဆေးအန္တရာယ်ကာကွယ်ရေးအကြောင်းနှင့် နယ်မြေလုံခြုံရေးအကြောင်းကိုပါ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး သထွုံးပေးဝေင်နယ်၊ အွဉ်အကိုရေ ဖြားဆရာဖျော်က အထူးဒေသ ၆ လုပ်ဆောင်မှုအကြောင်း၊ လာမည့်ပွင့်လင်းရာသီတွင် တောမီးမရှို့စေရန် လမ်းနယ်အကြောင်း၊ မြေယာကိစ္စအကြောင်း ဆီဆိုင်မြို့နယ် ပအိုဝ်းလွတ်တော်ကိုယ်စလှယ်တွေအကြောင်း၊ နယ်မြေဒေသဖွံဖြိုးရေး လုပ်ဆောင်ပေးသော NGO အဖွဲ့များအကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါလုထုတွေ့ဆုံပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်ပြောင်းပြည်သူစစ်(ဌာနေ)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လွယ်ပွတ်ကျေးရွာအုပ်စုရှိရွာ (၂၃)ရွာ နေထိုင်ကြသော မိဘ ပြည်သူ ရပ်မိရပ်ဖ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.