Saturday, September 23, 2017

အထူးဒေသ (၆) မောက်မယ်မြို့နယ်၊ ဟိုနမ်း (ပူယာစင်း)ရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ PNO (ခမ်း၊ နယ်၊ အွိုင်) လူထုတွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်







၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်၊ သောကြာနေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် အထူးဒေသ (၆) အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ခမ်း၊ နယ်၊ အွိုင် အဖွဲ့က ပအိုဝ်းကျေးရွာဒေသ ဖွံဖြိုးတိုးတက် စေရန်အတွက် အထူးဒေသ (၆) မောက်မယ်မြို့နယ်၊ ဟိုနမ်းကျေးရွာအုပ်စု နှင့် ပန်းတင်ကျေးရွာအုပ်စု တို့ကို ဟိုနမ်း (ပူယာစင်း) ဘုန်းတော်ကြီးကျောင်းတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

အဆိုပါလူထုတွေ့ဆုံပွဲ အခမ်းအနားကို ဖြားခွန်လှမြင့် (သူရိယခမ်းဗွေ) ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်ပြောင်းပြည်သူစစ် (ဌာနေ)  က အဖွင့်အမှာစကားပြောကြားခဲ့ရာ ကျေးရွာတိုင်း စည်းကမ်းရှိ နှင့် စည်းလုံးညီညွတ်မှုရှိစေရန် တို့ကိုပါ ဆက်လက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO စီမံဌာနမှူးခွန်ကျော်အေးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၏ လုပ်ဆောင်ချက်များနှင့် PNO အဖွဲ`၏ ရှေ့လုပ်ဆောင်ချက်ကိုပါ ရှင်းလင်းပြောကြား ခဲ့ပါသည်။

ထို့နောက် စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ခွန်ဇော်ပျံ ပအိုဝ်းအမျိုးသားတပ်မတော် PNA - အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)က နယ်မြေလုံခြုံရေး အကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မောက်မယ်လွတ်တော်ကိုယ်စလှယ် ဖြားခွန်ဟန်သိန်းဦးက ၂၀၁၇-၂၀၁၈ ဘဏ္ဍရေးနှစ်တွင် လူထုဗဟိုပြု ဖွံဖြိုးရေးစီမံကိန်းများလုပ်ဆောင်သွာမည် အကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားတပ်မတော် PNA အသွင်ပြောင်း ပြည်သူ့စစ် (ဌာန) ဒုဗိုလ်မှူးကြီး ဆိုင်ဖက နယ်မြေလုံခြုံရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူထုတွေ့ဆုံပွဲ အခမ်းအနားကို PNO/ PNA မှတာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ကျေးရွာအသီးသီးရှိ ရွာသူ/သားများ(၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.