Monday, January 29, 2018

ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်ရန် အဖွဲ့ပေါင်းစုံများနှင့် အကြံဥာဏ်တောင်းခံခြင်းဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၃၀)ရက်






တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသာအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တွဲလက်စီမံကိန်း၏ ၂၀၁၇ ခုနှစ် လုပ်ဆောင်ခဲ့သော လုပ်ငန်းများတင်ပြခြင်းနှင့် လာမည့် ၂၀၁၈ ခုနှစ်တွင် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့နိုင်ရန် အဖွဲ့ပေါင်းစုံများနှင့် အကြံဥာဏ်တောင်းခံခြင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နာဝါရီလ (၃၀) ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဖြားခွန်အောင်ခင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်း မန်နေဂျာ နန်းသင်းသင်းဖြူက စီမံကိန်းလုပ်ဆောင်ရခြင်းအားဖြင့် ဒေသတွင်းကျေးရွာများ ရွှေ့ပြောင်းသွားလာမှု၏ သတင်းအချက်အလက်များကို သိရှိပြီး ရွှေ့ပြောင်းသွားလာရာတွင် လုံခြုံစိတ်ချစေရန်၊ ဒေသတွင်း အာဏာပိုင်မှုများအနေနှင့်လည်း အောက်ခြေတွင်ဖြစ်ပွားနေသော အခြေအနေမှန်များကိုလည်း သိရှိနားလည်လာစေရန်၊ ဒေသတွင်း လူငယ်များ ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာများရရှိခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို လက်လှမ်းမှီပြီး ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် ၀င်ငွေများပိုမိုတိုးတက်လာစေရန်၊ ရွှေ့ပြောင်းသွားလာသူ မိသားစုဝင်များသည်လည်း လွှဲပို့လာသောငွေများကို စနစ်တကျစီမံခန့်ခွဲတတ်ပြီး အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းဖြင့် ကောင်းသော အကျိုးသက်ရောက်မှုများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် စီမံကိန်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တွဲလက်စီမံကိန်းလုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းအခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းလျာထားချက်များကို ခွန်လန်းဖြူ က အကျယ်တ၀င့်ဆွေးနွေးခဲ့ပါသည်။

အဆိုပါစီမံကိန်းသည် တွဲလက်၊ IOM (Internationa Organization for Migration )ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်တို့သည် ကျေးရွာ (၃၄) ရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း၊ ရွှေ့ပြောင်းသွားလာမှုမပြုမှီ အသိပညာပေးခြင်းသင်တန်း၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်း၊ အခြေခံစီးပွားရေးသင်တန်း စသည်ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ကက္ကူဘုန်းတော်ကြီးကျောင်းဆရာတော်၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်းဆရာတော်၊ နောင်ကားမှီးဘုန်းတော်ကြီးကျောင်းဆရာတော်၊ လုံးကောင် ဓမ္မဥယျာဉ်ကျောင်းဆရာတော်တို့ ကြွရောက်ချီးမြှင့်ပေးပြီး ရွှေအင်သူ လှုမှုရေးအဖွဲ့၊ Tai Youth အဖွဲ့၊ KMSS၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ၊ ဖယ်ခုံမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ် တို့မှ စီမံကိန်းကျသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တွဲလက်စီမံကိန်းဝန်ထမ်းများတက်ရောက်ကြောင်းသိရသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.