Monday, January 29, 2018

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ဟိုပုံးမြို့နယ်​ရှိ လမ်းပန်းဆက်​သွယ်​​ရေးသွား​ရောက်​ကြည့်​ရှုစစ်​​ဆေးခြင်းနှင့် ​ဒေသခံလူထုတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်






၂၀၁၈ခုနှစ်​၊ ဇန်​နဝါရီလ (၂၉)ရက်​၊ နံနက်​(၁၀)နာရီအချိန်​တွင်​ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အမျိုးသားလွတ်​​တော်​ကိုယ်​စားလှယ် ​ဖြားခွန်​​သိန်း​​ဖေ၊ ဟိုပုံးမြို့နယ်​၊ ပြည်နယ်​လွတ်​​တော်​ကိုယ်​စားလှယ်​ အမှတ်​(၁)ဖြားခွန်​​မောင်​ဖြူ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး ​စောခွန်​​ကျော်​ဝင်း၊ ဘဏ္ဍာ​ရေးမှူး ဦးခွန်​မျိုးထွန်း၊ လွတ်​​တော်​​ရေးရာဌာန ​မူ​အေးနု၊ ဟိုပုံးမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးနန်းတင့်၊ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဌာန ဒုဦးစီးမှူး ​ဒေါ်သီတာဦး၊ မြင့်မိုလွင်​တည်​​ဆောက်​​လုပ်​​ရေးကုမ္ပဏီမှ ဒါရိုက်​တာ ဦး​ကျော်​စိုးဦး၊ အင်​ဂျင်​နီယာ ဦးရဲလင်း​အောင်​နှင့်​ ​​နောင်​​ဒေ​ကျေးရွာအုပ်​စုမှ ​ဒေသခံပြည်​သူများ ဟိုပုံးမြို့​နယ်​ နောင်​​ဒေး​ကျေးရွာအုပ်​စုရှိလမ်းပန်းဆက်​သွယ်​​ရေးကို သွား​ရောက်​ကြည့်​ရှုစစ်​​ဆေးခဲ့ပြီး ​ဒေသခံပြည်​သူများနဲ့ ​တွေ့ဆုံခဲ့​ကြောင်းသိရှိရပါသည်​။

ရှေးဦးစွာ ဟိုပုံးမြို့နယ်​၊ နမ့်​​ဘော်​ဟွန်း-​ညောင်​ဝွိုန်း-​နောင်​ကွင်​-သက်​သာ-ပွုံ​ချောင်​လမ်းပိုင်းမာ ယခင်​က(၁၃)မိုင်​ရှိပြီး​ကျောက်​​ချောလမ်း(၅)မိုင်​၊ ​မြေသားလမ်း(၅)မိုင်​ကိုခင်းကျင်းပြီးဖြစ်​ကြောင်း (၃)မိုင်​​မြေသားလမ်း​ဖောက်​လုပ်​ရန်​ကျန်​ရှိ​နေ​သေး​ကြောင်း၊ ဆက်​လက်​ပြီး ​၊​ကျောက်​တန်း-ထီတခု-​​မောက်​လွတ်​-​နောင်​​ဒေ-​နောင်​ဝယ်​​(၁၆)မိုင်​ကို ကျောက်​​ချောလမ်း(၈)မိုင်ခင်းကျင်းပြီး ကျန်​ရှိ​သော​မြေသားလမ်း(၈)မိုင်​အား သွား​ရောက်​ကြည့်​ရှုစစ်​​ဆေး​ခဲ့ပါကြောင်း၊ ဆက်​လက်​ပြီး ​​ကျောက်​တန်း​ဒေသရှိ ဦးခွန်​​ကျော်​စိန်​နှင့်​ ​ဒေသခံပြည်​သူများပူး​ပေါင်းပြီး ကိုယ်​ထူကိုယ်​ထ​ဖောက်​လုပ်​​သော​မြေသားလမ်းဖြစ်​​သော တနွိုင်​ဝွိုန်​- ​ဟွေးလုံ-ဟို​ဟွေး-အွဲးခြမ်​-တွန်းဟုတ်​-ထီဖူ-​တောင်​ကျိန်​-​မောက်​မွန်း-ဒုံပုံ-ပွုံတွို့-မဲုင်းတ​ခေါင်​(၁၂)မိုင်​ ​လမ်းပိုင်းအားကြည့်​ရှုစစ်​​ဆေးခဲ့ပါ​ကြောင်းနှင့်​ ​ကျောက်​တန်း​ကျေးရွာအုပ်​စုရှိ လုံမီ-​နောင်​ကွုမ်း(၃)မိုင်​လမ်းပိုင်းမှာ (၂)မိုင်​ကို ​မြေသားလမ်း​ဖောက်​လုပ်​ပြီးဖြစ်​၍ ကျန်​ရှိ​သော(၁)မိုင်​အားသွား​ရောက်​ကြည့်​ရှုစစ်​​ဆေးခဲ့​ကြောင်းသိရှိရပါသည်​။

ဒေသခံများနှင့် ​တွေ့ဆုံရာတွင်​ အမျိုးသားလွတ်​တော်​ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေမှ" လွတ်​​တော်​အ​တွေ့အကြုံမျှ​ဝေခြင်းနှင့်​ ​​ဒေသဖွံ့ဖြိုး​ရေးလုပ်​​ဆောင်​ရာတွင်​ အုပ်ချုပ်ေ​ရးမှူးနှင့်တကွ ​​​ဒေသခံများ​တွေ့ဆုံ​ဆွေး​နွေး၍​ဒေသ၏ လိုအပ်​ချက်​များကို ​ဖော်​ထုတ်​ပြီး သက်​ဆိုင်​ရာအုပ်​ချုပ်​​ရေးမှူးထံတင်​ပြပြီး ထို့မှတဆင့်​ အဆင့်​ဆင့်သို့တင်​ပြရန်​လိုအပ်​​ကြောင်း၊ ​​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်း လုပ်​​ဆောင်​လာသည့် ကာလတစ်​​လျှောက်​ ကြုံ​တွေ့ရသည့်အ​တွေ့အကြုံအရ ​စည်းလုံးညီညွတ်​မှုရှိသည့်​​ကျေးရွာသည်​ အခွင့်အ​ရေးပိုမိုရရှိ​ကြောင်း၊ ​ဒေသဖွံ့ဖြိုး​ရေးအတွက် အစိုးရတစ်​ရပ်​၏ ​တာဝန်​ဟုသာ မသတ်​မှတ်​ဘဲ ဒေသခံပြည်သူလူထု​ကိုယ်တိုင်လည်း​​​ပါဝင်​လက်​တွဲရန်​လိုအပ်​​ကြောင်း" ​ပြောကြားခဲ့ပါသည်​။

ထို့​နောက်​ ဟိုပုံးမြို့နယ်​၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးနန်းတင့်မှ "၎င်း၏ လုပ်​ငန်း​ဆောင်​ရွက်​မှုအ​ခြေအ​နေများအ​ကြောင်း၊ ဟိုပုံးမြို့နယ်​၊ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ​ဒေါ်သီတာဦးမှ ၎င်း၏ လုပ်​ငန်း​ဆောင်​ရွက်​မှု အ​ခြေအ​နေများအ​ကြောင်း၊ တောင်​ကြီးမြို့နယ်​၊ နမ်း​ဟောင်း​ကျေးရွာအုပ်​စု ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦခွန်​​ပေါက်​စီမှ ၎င်း​၏ လုပ်​ငန်း​ဆောင်​ရွက်​မှု အ​ခြေအ​နေနှင့်​ အ​တွေ့အကြုံများကို မျှ​ဝေ​ပေးခြင်းအ​ကြောင်းနှင့်​ ဟိုပုံးမြို့နယ်​၊ ပြည်​နယ်​လွတ်​​တော်​ကိုယ်​စားလှယ်​ အမှတ်​(၁)ဦးခွန်​​မောင်​ဖြူမှ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသအ​ကြောင်း​နှင့် လုပ်​ပိုင်​ခွင့်​များအ​ကြောင်းကိုအသီးသီး အကျယ်​တဝင့် ရှင်းလင်း​ပြောကြားခဲ့ပါသည်​။ အဆိုပါတွေ့ဆုံပွဲသို့ ဒေသခံပြည်သူ (၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းတဆံထီ

Powered by Blogger.