Wednesday, February 14, 2018

ပအိုဝ်းနွယ် ပညာရေးဖောင်ဒေးရှင်း၏ကူညီပံ့ပိုးမှုဖြင့် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို တပေါင်းလဆန်း(၁၀)ရက်နေ့တွင် ကျင်းပဖွင့်လှစ်မည်ဖြစ်ကြောင်း

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်





တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်၊ စေတီကုန်းအောင်မြင်ဇေယျုံ ပရိယတ္တိစာသင်တိုက်၌ ပအိုဝ်းနွယ်ပညာရေးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်မည့် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် ပအိုဝ်းဘာသာစကားသင်တန်းများကို တပေါင်းလဆန်း(၁၀)ရက် (၂၄-၂-၂၀၁၈)စနေနေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းများတွင် စာရင်းသွင်းလျှောက်လွှာပုံစံများကို တပေါင်းလဆန်း(၁)ရက် (၁၅-၂-၂၀၁၈) ကြာသပတေးနေ့မှစ၍ စာရင်းလက်ခံပြီး တပေါင်းလဆန်း(၁၀)ရက်(၂၄-၂-၂၀၁၉)စနေနေ့အထိ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ၎င်းသင်တန်းတွင် တက်ရောက်သင်ကြားမည့် သင်တန်းသူ/သားများအားလုံးအတွက် သင်တန်းဖွင့်ရက်တွင် သင်တန်းကိုင်စာအုပ်နှင့် ဗလာစာအုပ်ဘောပင်များကို အခမဲ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုနွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အခြေခံကွန်ပျူတာသင်တန်းနှင့် ပအိုဝ်းဘာသာစကားသင်တန်းများကို ပို့ချသင်ကြားပေးမည့်ဆရာများက ကွန်ပျူတာသင်တန်း ကထိက(၄)ပါး၊ ပအိုဝ်းစာပေသင်တန်း ကထိက(၅)ပါး၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ကထိက(၅)ပါး နှင့် သင်ထောက်ကူ ဓမ္မစကူးလ်ဆရာ/မများ ဓမ္မစကြာအဖွဲ့များ တာဝန်ယူသင်ကြားပေးမည်ဖြစ်ပြီး အောင်စာရင်းနှင့် ဆုနှင့်သဘင်ပေးအပ်ပွဲကို တန်ခူးလဆန်း(၃)ရက် (၁၉-၃-၂၀၁၈)တနင်္လာနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်ဗန်ထို
Powered by Blogger.