Wednesday, February 21, 2018

ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိဘိန်း အစားထိုးစီမံကိန်းဒေသများသို့ ကွင်းဆင်းလေ့လာမည့်ခရီးစဉ်အတွက် အစည်းဝေးပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်







၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ နံနက်(၉း၀၀)နာရီအချိန်၌ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ရတနာရန်နိုင်စေတီဓမ္မာရုံတွင် နောင်တရားဒေသအတွင်း ဘိန်းအစားထိုးစီမံကိန်းဒေသများသို့ ကွင်းဆင်းလေ့လာမည့်ခရီးစဉ်အတွက် အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအစည်းအဝေး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီး ဖြားခွန်စံလွင်မှ အမှာစကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတင်ပေါ်ပေါက်လာသောခုနှစ်မှစပြီး ယခုနှစ်တိုင်အောင်ဒေသအတွင်းရှိလိုအပ်ချက်များကို ဖြည့်စွက်လုပ်ဆောင်နေကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၈၀%သည် စိုက်ပျိုးရေးကို အခြေခံလုပ်ကိုင်နေကြသည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ဆောင်သည့်နေရာတွင် လူနေမှုဘဝပြည့်စုံသော အနေအထားမရောက်သေးကြောင်း၊ အဓိကအနေဖြင့် တရားဥပဒေမဝင်သောစိုက်ပျိုးမှုကို အတတ်နိုင်ဆုံးပပျောက်သွားစေချင်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများသာမက သက်ဆိုင်ရာဌာနမှ အဖွဲ့အစည်းများနှင့် ယနေ့ထိပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပအိုဝ်းဒေသတွင် ဘိန်းအစားထိုးကော်ဖီစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်သစ်တောထိန်းသိမ်းကာကွယ်ရေးအခန်းကဏ္ဍများကို စတင်ဆောင်ရွက်နေပါကြောင်း၊ တစ်ဖက်တွင် မူးယစ်ဆေးဝါးစိုက်ပျိုးမှုလျော့ချရေးနှင့် သုံးစွဲသူများလျော့ကျရေး၊ ၎င်းတို့၏ လူနေမှုဘဝဖွံဖြိုးတိုးတက်မြှင့်တင်ရန် မဖြစ်မနေကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အခြေခံလိုအပ်ချက်ဖြစ်သော လမ်း၊တံတား၊ရေ၊ မီး၊ နှင့် ၎င်းတို့၏ သွားရေးလာရေးများဆင်ပြေစေရန် ပထမအနေနဲ့ လုပ်ဆာင်ပေးနေကြောင်း၊ ဒုတိယအနေနှင့် မိမိတို့နေထိုင်နေသည့်ရပ်ရွာဒေသမှ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေလမ်းကြောင်းများကောင်းမှသာ လူနေမှုဘဝမြှင့် တင်နိုင် မည်ဖြစ်ကြောင်း၊ ယခုထိုင်းနိုင်ငံ(ONCB)အဖွဲ့၊ မဲ့ဖားလုံး GIZနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းတို့ပူးပေါင်း၍ ဒေသ၏ ပကတိအနေအထားကို လေ့လာကာ ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးမည်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအဖြေကြရမည် ဖြစ်ကြောင်း ပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး မှူးယစ်ဗဟိုဌာန ဌာနမှူး ဦးဇော်လင်းထွန်းမှ မိမိတာဝန်ယူလုပ်ဆောင်သော အလုပ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့်ရှင်းလင်းတင်ပြကြပြီး ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ရဲ့ လုပ်ငန်းဆောင်တာဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသသည်။ ဆက်လက်၍ မဲ့ဖာလုံဖောင်ဒေရှင်း၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(OMCB)နှင့် GIZအဖွဲ့မှ ကိုယ်စားလှယ်များလည်း လေ့လာရေးခရီးစဉ်အား ရှင်းလင်းတင်ပြခဲ့ကြကာ နှစ်ဦးနှစ်ဖက်မှ အမေးအဖြေကဏ္ဍများကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 အဆိုပါ တွေ့ဆုံပွဲ အစည်းအဝေးကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်နှင့်အဖွဲ့များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံး(တောင်ကြီး)၊ မြို့နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံး(ဟိုပုံး)၊ အခြေခံပညာဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန (တောင်ကြီး)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီး(တောင်ကြီး၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(တောင်ကြီး)၊ သမဝါယမဦးစီးဌာန(တောင်ကြီး)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာနမှူး ဆရာခွန်ကြည်၊ မဲ့ဖါးလုံဖောင်ဒေရှင်း၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(OMCB)နှင့် GIZအဖွဲ့မှ ကိုယ်စားလှယ်များလည်း စုစုပေါင်း( ၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းတဆံထီ

Powered by Blogger.