Thursday, February 22, 2018

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဖယ်ခုံမြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်


 



ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဖယ်ခုံမြို့နယ်ရုံး ဆိုင်းဘုတ်တင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်၊ နံနက် (၉း၁၀) အချိန်တွင် ပြုလုပ်ကျင်းပကြောင်းသိရသည်။
ဖွင့်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဖယ်ခုံမြို့နယ် ဥက္ကဋ္ဌ ဖြားခွန်အုံးဖေ တို့ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဖယ်ခုံမြို့နယ် ဥက္ကဋ္ဌ ဖြားခွန်အုံးဖေ ကအဖွင့်အမှာစကားပြောကြားရာ ပအိုဝ်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေး ရရှိစေရန်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကာကွယ်ထိန်းသိမ်းလာစေရန်၊ စာပေ၊ ဘာသာစကားများ စဉ်ဆက်မပျက်ထိန်းသိမ်းလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် က " ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ မြို့နယ်ရုံးများကို ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မြို့နယ်အဆင့်ရုံးကို ဖွင့်လှစ်ထားလျက်ရှိကြောင်း၊ ယခုလို ဖယ်ခုံမြို့နယ်ကိုရုံးဖွင့်ခြင်းအားဖြင့် ဖယ်ခုံမြို့နယ်မှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသားများ၏ ရင်ထဲကဆန္ဒဖြစ်ပြီး တခြားတိုင်းရင်းသားအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ပါတီပေါင်းစုံအဖွဲ့များနှင့်နည်းတူ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ စည်းလုံးရေးနှင့် ချစ်ကြည်ရေးတို့ အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ မူဝါဒသည် ဘယ်အစိုးရဘဲတက်တက် ကျွန်တော်တို့ရဲ့အစိုးရဖြစ်သည့်အတွက် လူထုအကျိုးလုပ်ဆောင်သည့်အခါတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းပေါင်းစုံများနှင့် ပူးပေါင်းလုပ်ဆောင်ကြရပါမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းသည် ပါတီစွဲ၊ လူမျိုးစွဲမထားဘဲ ပြည်သူဆိုသည့် ခေါင်းစဉ်အောက်တွင် အတူတကွကြိုးစားဆောင်ရွက်ကြရပါမည်ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဖယ်ခုံမြို့နယ်၊ နာယက ဖြားခွန်အောင်မျိုးက ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ် ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း နှင့် ရုံးအဖွဲ့များ၊ ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကယန်းအမျိုးသားပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ အခြားဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.