Tuesday, March 27, 2018

ဆတ်သေကျေးရွာ မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်





ရှမ်းပြည်နယ်တောင်ပိုင်း ၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ၊ ဆက်သေကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအတွက် ဂျပန်နိုင်ငံ JAMAHA အဖွဲ့ဝင် အလှူရှင် MS. MITSU TAMAI နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်လုပ်ခဲ့သည့် မူလတန်းကြိုကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၈-ခုနှစ်၊ မတ်လ(၂၇)ရက် နံနက်(၁၁း၀၀)အချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ပညာရေးမှူးဦးအောင်ကျော်စိုး ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးထွန်းဦး ၊ JAMAHA ဥက္ကဌ Mr. KONDO ၊ အလှူရှင် MS. MITSU TAMAI နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျောင်းဆောင်သစ်ကိုကြည့်ရှုခဲ့ပြီး အမှတ်တရ သစ်ပင်များကိုစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထိုနောက် ရှမ်းပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်စိုး ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးထွန်းဦး ၊ JAMAHA ဥက္ကဌ Mr. KONDO ၊ အလှူရှင် MS. MITSU TAMAI နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေတို့မှ အသီးသီးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မူကြိုကျောင်းဆောင်အမျိုးအစားမှာ အလျားပေ(၆၀)၊ အနံပေ(၃၀)၊အမြှင့်ပေ(၁၂) ရှိ တစ်ထပ်၊အုတ်ကာ၊ သွပ်မိုး၊ (၂) ခန်းတွဲရေလောင်းအိမ်သာ အမျိုးအစားဖြစ်ပြီး ၊ ဆောက်လုပ်ရေး ကုန်ကျစရိတ်ကို အလှူရှင်မှ ကျပ်သိန်း(၁၀၀)နှင့် ဒေသခံပြည်သူမှ ကျပ်သိန်း(၁၀၀) စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သိန်း(၂၀၀)ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ပညာရေးမှူးဦးအောင်ကျော်စိုး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးထွန်းဦး ၊ JAMAHA ဥက္ကဋ္ဌ Mr. KONDO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ အလှူရှင် MS. MITSU TAMAI နှင့် သမီးများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အကြံပေး အတိုင်ပင်ခံပုဂ္ဂိုလ် ဖြားခွန်အုန်းငွေနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ယံသေ
Powered by Blogger.