Tuesday, March 6, 2018

ဆီဆိုင်မြို့နယ်တွင် ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းကလူမှုရေးကိစ္စများကို စွမ်းစွမ်းတမံကြိုးစားလုပ်ဆောင်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၇)ရက်






ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းသည် တရားဝင်မှတ်ပုံတင်ထားသော အသင်းတစ်သင်းဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းအသင်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်တည်ရှိပြီး ဆီဆိုင်မြို့နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအကိုမောင်နှမများ၏ လိုအပ်ချက်များကို တတ်နိုင်သည့်ဘက်က စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ပေးနေသော အသင်းဖြစ်ကြောင်း သိရှိရပါသည်။

လူနာတွေသွေးလိုအပ်ရင် အချိန်မီအောင်သွေးရှာပေးပါတယ် လူနာတွေအတွက်နေ့ရောညပါ ဆောင်ရွက်ပေးနေပါတယ် များသောအားဖြင့် ရွာကသွေးအားနည်းပြီး ရောက်လာတဲ့လူနာနဲ့ ကလေးမိခင်တွေပဲဖြစ်ပါတယ် ငွေကြေးချို့တဲ့သည့်လူနာများကို အခမဲ့ရအောင် ဆောင်ရွက်ပေးပါတယ်  အသင်းပိုင်ရံပုံငွေကို ဘဏ်မှာအပ်ထားပြီးတော့ မရှိဆင်းရဲသားလူနာများကို ကူညီထောက်ပံ့ပေးနေပါတယ် ကျေးရွာမှာကျောင်းနေအရွယ် ကလေးငယ်တွေကို စာရေးကိရိယာနှင့်အာဟာရသွားရောက်ထောက်ပံ့ပေးပါတယ် အခြားလူမှုရေးကိစ္စများကိုလည်း ပါဝင်ကူညီပေးပါတယ်လို့ အသင်းဝင် ဒေါ်နန်းခမ်းရွှေ(ခ)မငဲ ပြောကြားချက်အရ သိရှိပါသည်။

ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းသူ/အသင်းသားများသည် တနင်္ဂနွေနေ့တိုင်း ဆီဆိုင်ဇဝနာရာမဘုန်းကြီးကျောင်းတွင် ရေအိမ်များ အမှိုက်များကိုလည်း သန့်ရှင်းရေးကုသိုလ်လုပ်ဆောင်နေပါကြောင်း သိရှိရပါသည်။

ဖြူစင်နှလုံးသားသွေးလှူရှင်အသင်းကို တည်ထောင်သည့်ခုနှစ်မှာ ၂၀၁၅-ခုနှစ်၊ ဒီဇင်ဘာလဖြစ်ပြီး အသင်းဥက္ကဋ္ဌတာဝန်ကို ဦးစံဝင်းမောင်တာဝန်ယူဆောင်ရွက်ပြီး လူနာတွေအတွက် သွေးများကို နေ့မနားညမအား နေပူမိုးရွာမရှောင် ရှာပေးသူကတော့ ဒေါ်ဝေေ၀စိုးတို့အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.