Wednesday, March 21, 2018

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့တွင် မြို့နယ်သစ်တောဦးစီးအရာရှိ က သစ်တောနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးဟောပြော

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၂)ရက်







၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်ပြီး ဖွင့်လှစ်နေသော တောင်ကြီးမြို့နယ်၊ အောင်သုခကျေးရွာ၊ အောင်သုခဘုန်းတော်ကြီးကျောင်းရှိ စွမ်းရည်မြင့်သင်တန်းတွင် မြို့နယ်သစ်တောဦးမှူး ဦးပေါမောင်က သစ်တောနှင့်ပတ်သက်သည့် အကြောင်းအရာများကို လာရောက်ဆွေးနွေးဟောပြောပေးခဲ့ကြောင်းသိရသည်။

မတ်လ(၂၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ကို ဒေသခံပြည်သူများနှင့် သင်တန်းသူ/သားများအတွက် သိသင့်သိထိုက်သော သစ်တောအကြောင်းအရာများကို ဟောပြောပေးခဲ့ ပါသည်။ " သစ်တောဌာနအနေနဲ့ သစ်တောတွေကို လက်ရှိလူသားအပါအ၀င် မျိုးဆက်သစ် သား/သမီးတွေ၊ မြေး၊ မြစ်တွေ၊ နောင်လာနောင်သားတွေကိုပါရည်ရွယ်ပြီး သစ်တောသစ်ပင်တွေကို ထိန်းသိမ်းနေပါတယ်။ သစ်တောတွေကို မှီခိုနေထိုင်တဲ့ သားဌက် တောရိုင်းတိရိစ္ဆာန်တွေကိုလည်း ရေရှည်အသုံးပြုနိုင်အောင် သစ်တောသစ်ပင်ကို ထိန်းသိမ်းရခြင်းဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ သစ်တောပြုန်းတီးမှုဟာ မြန်မာနိုင်ငံက တတိယအဆင့်မှာရှိပါတယ်။ ဒါကြောင့် သစ်တောများမပြုန်းတီးအောင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ မိုးရာသီတွေမှာလည်း သစ်ပင်တွေစိုက်ပျိုးပါတယ်။ ပအိုဝ်းဒေသအတွက် ပျိုးပင်တွေကို နှစ်စဉ်ထောင်ချီပြီး ချပေးလျက်ရှိတယ်။ နှစ်စဉ်နှစ်တိုင်းလည်း သစ်ပင်ကို စိုက်ပျိုးတယ်။ နောက်ပြီး တောခုတ်တာ ၊ တောပြုန်းတာကိုလည်း ၀ိုင်းဝန်းတားဆီးနေပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်တယ်။ ရာသီဥတုမကောင်းတော့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း အထွက်တိုးနှုန်းနည်းပါးလာတယ်။ ရေငွေ့ရှေဓာတ်တွေ လည်းပျက်စီးသွားတယ်။ ရေရှားပါးလာတယ်။ ရေထွက်လဲနည်းသွားတယ်။ ဘာဖြစ်လို့ရေထွက်နည်းသွားသလို ဆိုရင် သစ်ပင်တွေနည်းပါးလာပြီး သစ်ပင်ထိန်းသိမ်းမှုစွမ်းအားတွေ နည်းပါးလာခြင်းဖြစ်တယ်။ သစ်ပင်တွေမရှိတဲ့အတွက်ကြောင့် သစ်ပင်ရဲ့အမြစ်တွေကို မြေအောက်မှာ စီးဆင်းနေတဲ့ရေဟာ လူသားတွေ၊ တိရစ္ဆာန်တွေအတွက် သောက်သုံးမှုကို အမြစ်ကနေ စစ်ထုတ်ပေးခဲ့တယ်။ စစ်ထုတ်ပေးခဲ့တဲ့အပင်တွေမရှိတဲ့ အတွက်ကြောင့် ထွက်လာတဲ့ရေကလည်း သန့်စင်မှုတွေ အားနည်းလာတယ်။ အားနည်းမှုကြောင်း ပြည်သူတွေရဲ့ ကျန်းမာရေးကိုပါထိခိုက်လာတယ်။ အဲ့ဒါကြောင့်မို့ သစ်တောသစ်ပင်ဟာ လူသားတွေ၊ တိရစ္ဆာန်တွေရဲ့ ကျေးဇူးရှင်ပါဟု" သစ်တောဦးစီးအရာရှိ ဦးပေါမောင် က တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးပေါမောင်နှင့် အဖွဲ့သည် အောင်သုခဆရာတော်ထံ အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးပေါမောင်နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဠ်၊ လေ့ကျင့်ပညာပေးရေးဌာနမှ သင်တန်းနည်းပြများ၊ ဒေသခံပြည်သူများ၊ သင်တန်းသူ/ သားများတက်ရောက်ကြောင်းသိရှိရပါသည်။

နန်းဆားတဲုင်
Powered by Blogger.